Sulli ကိုဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲနေတဲ့ IU နဲ့ Taeyeon

တောင်ကိုရီးယားရဲ့ငွေကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော်မင်းသမီး Sulli သေဆုံးမှုကြောင့် ပရိသတ်တွေသာမက အနုပညာရှင်မောင်နှမတွေကပါ ထိခိုက်ကြေကွဲနေကြပါတယ်။IU နဲ့ Taeyeon ဟာဆိုရင်လည်း သူတို့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ခဏရွေ့ဆိုင်းထားတယ်လို့သိရပါတယ်။

မထင်မှတ်ပဲ ကြားခဲ့ရတဲ့ Sulli ရဲ့ သေဆုံးမှုသတင်းကြောင့် IU ဟာ သူမရဲ့ အယ်လ်ဘမ်အသစ်ထွက်ရှိမယ့်ရက်ကိုနောက်ဆုတ်ခဲ့တယ်လို့သိရပါတယ်။“IU 5th Mini-Album Love poem”ဆိုတဲ့အယ်လ်ဘမ်က အစတုန်းက နိုဝင်ဘာ ၁ရက်နေ့မှာထွက်ဖို့စီစဉ်ထားတာဖြစ်ပေမဲ့ အခုတော့ ထွက်ရှိမယ့်ရက်ကို နောက်ဆုတ်လိုက်ပါပြီ။ပရိုမိုးရှင်းပွဲတွေကိုလည်းရပ်နားထားတယ်လို့သိရပါတယ်။အယ်လ်ဘမ်သစ်ကိုအကြာကြီးစောင့်ခဲ့ရတဲ့ ပရိသတ်တွေကိုလည်း နားလည်ပေးဖို့ သူမရဲ့အေဂျင်စီက တောင်းဆိုခဲ့ပါတယ်။

Taeyeon ကလည်း သူမရဲ့အယ်လ်ဘမ်သစ် “TAEYEON VOL. 02 PURPOSE” ထွက်ရှိမယ့်ရက်ကိုနောက်ဆုတ်ခဲ့ပါတယ်။အစတုန်းက အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချီဖို့လုပ်ထားပေမဲ့ အခုတော့ အောက်တိုဘာ ၂၂ ရက်နေ့မှ အယ်လ်ဘမ်သစ်ထွက်ရှိလာမှာဖြစ်တယ်လို့ သူမရဲ့အေဂျင်စီက အတည်ပြုပြောကြားခဲ့ပါတယ်။

Sulli နဲ့ Taeyeon ဟာ အနုပညာအလုပ်တွေစတင်မလုပ်ခင် ထရိန်နင်ဘ၀ကတည်းက
ခင်မင်ရင်းနှီးလာခဲ့ကြတာဖြစ်ပါတယ်။မကြာခဏလည်း တစ်ယောက်ကိုတစ်ယောက် အားပေးနေကြောင်းပြသခဲ့ဖူးပါတယ်။

IU နဲ့ဆိုရင်လည်း တအားရင်းနှီးခင်မင်တဲ့ဆက်ဆံရေးမျိုးပါ။”Hotel Del Luna” ဇာတ်လမ်းတွဲမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးပါတယ်။

Sulli ဟာ “To The Beautiful You” ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အချစ်တွေ၊အားပေးမှုတွေကိုစတင်ရရှိလာခဲ့သူလေးပါ။အခုလိုမျိုးကြေကွဲစရာသတင်းကြောင့် ပရိသတ်တွေကလည်း ၀မ်းနည်းမဆုံးဖြစ်နေကြပါတယ်။

Source:Koreaboo

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.