“အသက်ရှင်နေတဲ့နှင်းဆီပန်းပွင့်လေး”လို့ တင်စားခံနေရတဲ့ Yoona

“နှင်းဆီပန်းသာအသက်ရှိမယ်ဆိုရင် အဲ့ဒါဟာ Yoona ပဲဖြစ်လိမ့်မယ်”ဆိုတဲ့ စကားသံတွေဟာ မီဒီယာထက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ဒီလိုစကားသံတွေပျံ့နှံ့လာရတဲ့အကြောင်းရင်းကတော့ Girls’ Generation‘s အဖွဲ့ဝင် Yoona ကြောင့်ပါပဲ။

Yoona ဟာ ၂၀၁၉ Buil Film Award ဆုပေးပွဲကို ခမ်းနားလှပတဲ့အနီရောင်ဂါဝန်လေးနဲ့ပွဲတက်ခဲ့တာဖြစ်ပါတယ်။သူမတူတဲ့အလှတရားကြောင့် သူမရဲ့ပွဲတက်ပုံရိပ်တွေဟာ အင်တာနက်တစ်ခွင်ပျံ့နှံ့လာခဲ့ပြီး သူမကို အသက်ရှင်နေတဲ့နှင်းဆီပန်းပွင့်လေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ဘယ်နေရာ ဘယ်ဘက်ကကြည့်ကြည့် လှပနေတာကြောင့်လည်း ကိုရီးယားနိုင်ငံသားတွေဟာအသက်ရှုမှားမတက်ဖြစ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

Yoona ဟာ အဆိုတော်တစ်ယောက်ဖြစ်သလို Love Rain ၊ The K2 စတဲ့ဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်လောကထဲမှာပါ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၉ ထဲမှာလည်း EXIT ဇာတ်ကားကိုရိုက်ကူးထားခဲ့ပြီး ထိုကားဟာလည်း ပရိသတ်ကြည့်ရှုနှုန်းမြင့်တက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။အဘက်ဘက်က ပြည့်စုံအောင်မြင်နေသူလေးပါပဲ။

ပရိသတ်ကြီးအတွက် အနီရောင်လေးနဲ့လှပကြော့ရှင်းနေတဲ့ Yoona ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

348 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.