Typhoon မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ၀မ်သန်း ၅၀ ကူညီလှူဒါန်းခဲ့တဲ့ Yoo Jae Suk

နာမည်ကျော်အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Yoo Jae Suk ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Typhoon မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသူတွေကို ကူညီလှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Hope Bridge Korea Disaster Relief အဖွဲ့အစည်းကနေ Yoo Jae Suk ဟာ အောက်တိုဘာ ၈ရက်နေ့က ၀မ်သန်း ၅၀ (ဒေါ်လာ ၄၁၇၄၆)လှူဒါန်းခဲ့တယ်လို့ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။သူလှူဒါန်းပေးခဲ့တဲ့ငွေတွေကို Typhoon မုန်တိုင်းကြောင့်ပျက်စီးသွားရတဲ့နေရာတွေ၊ဒဏ်ရာအနာတရဖြစ်ခဲ့ရတဲ့လူတွေအပေါ်ကူညီတဲ့နေရာမှာအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီလအစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ Typhoon Mitag ကြောင့် လူ ၁၃ ယောက်သေဆုံးခဲ့ပြီး ရေလွှမ်းမှုတွေ၊မြေပြိုမှုတွေကြောင့် ကိုရီးယားနယ်မြေတစ်ဝိုက်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

Yoo Jae Suk ဟာ အစီအစဉ်တင်ဆက်သူကောင်းတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကြားထဲမှာ အထူးကျော်ကြားသလို လှူဒါန်းကူညီမှုတွေလည်းမကြာခဏပြုလုပ်တတ်တာကြောင့် နာမည်ကြီးပါတယ်။ဒီနှစ်အစပိုင်းတုန်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပျက်စီးခဲ့တာတွေကို ပြန်လည်ပြင်ဆင်ဖို့ ၀မ်သန်း ၅၀ လှူဒါန်းခဲ့တယ်လို့သိရပြီး Gangwon ပြည်နယ်မီးလောင်မှုတုန်းကလည်း ၀မ်သန်း ၅၀ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

လူမှုရေးမှာလည်း ကူညီဖို့လက်မနှေးတဲ့ MC တစ်ယောက်ပဲဖြစ်ပါတယ်။

67 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.