ခံတွင်းမှာ အပူကန်နာ၊အပူဖုပေါက်တဲ့အခါ…

စိတ်ဖိစီးမှုတွေများတဲ့အခါ၊ဟော်မုန်းမညီမျှတဲ့အခါ၊ဗီတာမင်ဓာတ်ချို့တဲ့အခါ ခံတွင်းမှာ အပူကန်ပြီး အပူဖုတွေပေါက်လာတတ်ပါတယ်။အပူကန်တဲ့အခါ စကားပြောရတာလည်းအဆင်မပြေ၊အမြဲနာကျင်နေပြီး စိတ်ရှုပ်ရပါတယ်။ဒါကြောင့် အပူကန်နာ၊အပူဖုကိုအမြန်ဆုံး
သက်သာပျောက်ကင်းစေမယ့်နည်းလမ်းလေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*Tea Bag လေးတွေသုံးပါ
Tea Bag လေးတွေကိုအအေးခံထားပြီး ခံတွင်းအပူဖုနေရာတစ်ဝိုက်ကိုကပ်ပေးနိုင်ပါတယ်။နာကျင်မှုကိုသက်သာစေပြီး အမြန်ဆုံးပျောက်ကင်းသွားစေနိုင်ပါတယ်။

*ပျားရည်
ပျားရည်အနည်းငယ်ကို အပူဖုပေါက်တဲ့နေရာမှာ တစ်နေ့ကို လေးကြိမ်လိမ်းပေးပါ။ပျားရည်က ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပြီး နာကျင်မှုကိုလျော့ပါးစေပါတယ်။

*မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဝက်ကို ရေနွေးနွေးလေးတစ်ဝက်နဲ့ရောစပ်လိုက်ပါ။ပြီးရင် ပလုတ်ကျင်းပါ။မုန့်ဖုတ်ဆိုဒါက သင့်ရဲ့ နှုတ်ခမ်းတစ်ဝိုက်နာကျင်မှုကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

*ဆားရည်နဲ့ပလုတ်ကျင်းပါ
အကောင်းဆုံးနည်းတစ်ခုကတော့ ဆားနဲ့ရေနွေးရောစပ်ပြီး ပလုတ်ကျင်းတာပါပဲ။ဆားရည်ကိုအနာနားမှာ ငုံထားတာဖြစ်စေ၊ပလုတ်ကျင်းပေးတာဖြစ်စေ လုပ်ပေးနိုင်ပါတယ်။တစ်ရက်နှစ်ရက်လောက်သေချာလေးလုပ်ပေးသွားရင် သက်သာသွားပါလိမ့်မယ်။

*ဗီတာမင်အီးလိမ်းပါ
ဗီတာမင်အီးအဆီအနည်းငယ်ကို အပူဖုမှာ တို့တို့ပေးပါ။တစ်နေ့ကိုလေးငါးကြိမ် တို့ပေးနိုင်ပါတယ်။ဗီတာမင်အီးအလုံးလေးတွေကိုဖောက်ပြီးသုံးပေးနိုင်ပါတယ်။

*ခံတွင်းအတွက်ကြိုတင်ကာကွယ်ပါ
ခံတွင်းထဲမှာ ကောင်းတဲ့ဘတ်တီးရီးယားတွေရော၊မကောင်းတဲ့ဘတ်တီးရီးယားတွေပါ ရောနေပါတယ်။ကောင်းတဲ့ဘတ်တီးရီးယားတွေသာရှိနေနိုင်ဖို့ ပလိန်းဒိန်ချဉ်ခွက်သေးတစ်ဝက်ကို နေ့တိုင်းစားပေးပါ။ဒီလိုစားပေးတာက အပူဖုနာကျင်တာကိုလည်းလျှော့ချပေးနိုင်ပါတယ်။

893 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.