လက်ထပ်ခြင်းထက် ပျော်ရွှင်မှုအစစ်မှန်ပေးမယ့် ခရီးသွားခြင်းအနုပညာ

လက်ထပ်ခြင်းထက် ပျော်ဖို့ကောင်းတဲ့ ခရီးသွားခြင်းဆိုတာ ဘယ်လိုမျိုးလဲ .. ။ သေချာတာက
တော့ သင်ဟာ ခရီးသွားရတာကိုနှစ်ခြိုက်သူဖြစ်ဖို့တော့ လိုပါတယ်။ မသွားဖူးတဲ့နေရာမှာ
မလုပ်ဖူးတဲ့ အရာတွေ ၊မမြင်ဖူးတဲ့အရာတွေနဲ့ ထိတွေ့ခံစားရတာဟာ သင့်ကိုဘာနဲ့မှမတူတဲ့
ခံစားချက်တစ်စုံ ပေးစွမ်းနိုင်မှာပါ… ဒါဆို ခရီးသွားခြင်းကနေ ဘယ်လိုပျော်ရွှင်မှုတွေ ရစေလဲ ။

Traveling Can Make You Happier Than Getting Married, According to a Study

သီတင်းကျွတ် ရုံးပိတ်ရက်က ၅ရက်တောင်ဆိုတော့ အားလုံးလည်း ခရီးတွေသွားဖို့ပြင်ဆင်နေကြမှာပါ။ ခရီးသွားတော့မယ်ဟေ့..ဆိုရင် သွားဖို့အတွက်ပြင်ဆင်နေတည်းက ပျော်ရွှင်နေ
ကြပြီမဟုတ်လား။ လူတွေဟာ ခရီးထွက်ပြီးပြန်လာတဲ့အခါ ပုံမှန်ထက် စိတ်ပျော်ရွှင်မှုနှုန်းက
ပိုမြင့်နေတယ်လို့ တွေ့ရှိရပါတယ်။

ခရီးသွားခြင်းက သင့်ကိုဘဝမှာ ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာ သင်ပြပေးပါလိမ့်မယ်။
ကိုယ်က ဒီနေရာ ၊ ဒီဒေသမှာပဲနေရင် ဒီအသိုင်း​ဝိုင်းတစ်ခုကိုပဲ မြင်တွေ့ ခံစားနိုင်မယ်။
ခရီးသွားလိုက်တဲ့အခါ အရင်ကိုယ်နေခဲ့တဲ့နေရာနဲ့ မတူညီတော့တာတွေ ၊ ခံယူချက် ၊ အမြင်
ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

Traveling Can Make You Happier Than Getting Married, According to a Study

ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ ဒီလိုပျော်ရွှင်မှုမျိုး သင်ဝယ်လို့ရမှာမဟုတ်ပါဘူး။ ခရီးသွားမှသာ
ရနိုင်တဲ့ စိတ်ကျေနပ်မှုမျိုးဖြစ်တယ်။ မင်္ဂလာပွဲစီစဉ်ရတာထက် ခရီးသွားဖို့ပြင်ဆင်ရတာကလည်းပိုပျော်ဖို့ကောင်းတယ်ဆိုတာ လက်ခံမယ်ထင်ပါတယ်။

စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေသလို ပျော်စရာကောင်းတဲ့ အမှတ်တရအဖြစ်ပျက်တွေကဘယ်အချိန်ပြန်တွေးတွေး နောင်တရစေမှာမဟုတ်ပါဘူး။ ဒီလိုပြန်တွေးခြင်းကနေ နောက်ထပ်ခရီးသွားချင်စိတ်တွေ ဖြစ်ပွားစေပါတယ်။

Traveling Can Make You Happier Than Getting Married, According to a Study

ကဲ… အိမ်ထောင်ကျပြီးမှ ခရီးသွားဖို့လုပ်မှာလား .. ဒါမှမဟုတ် လူလွတ်ဖြစ်နေချိန်မှာ
ကြိုက်တဲ့နေရာကို စိတ်လက်ပေါ့ပါးစွာနဲ့ စဉ်းစားပါ.. .

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.