ဇာတ်လမ်းတွဲသစ်အတွက် ဇာတ်ညွှန်းစဖတ်နေပြီဖြစ်တဲ့ Ahn Jae Hyun နဲ့ Oh Yeon Seo

တောင်ကိုရီးယားမင်းသား Ahn Jae Hyun နဲ့ မင်းသမီး Oh Yeon Seo တို့ဟာဆိုရင် သူတို့ရဲ့ဇာတ်လမ်းတွဲသစ်လေးအတွက် ဇာတ်ညွှန်းကိုစတင်ဖတ်နေပြီလို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ “People With Flaws” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသား ၊မင်းသမီးတွေအဖြစ်တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“People with Flaws”လို့ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲကို MBC က ထုတ်လွှင့်ပြသမှာဖြစ်ပြီး ဇာတ်လမ်းပုံစံလေးက ရုပ်ချောချောယောက်ျားလေးတွေကို သဘောမကျ၊အထင်မြင်သေးတဲ့မိန်းကလေးတစ်ယောက်နဲ့ ကြည့်ကောင်းချောမောတဲ့ယောက်ျားလေး တစ်ယောက်တို့ရဲ့အကြေင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဟာသဒရာမာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။Oh Yeon Seo နဲ့ Ahn Jae Hyun တို့အပြင်Kim Seul Gi ၊ Goo Won စတဲ့အနုပညာရှင်တွေကလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။

အောက်တိုဘာ ၇ရက်နေ့က ဇာတ်ညွှန်းစတင်ဖတ်နေတဲ့ပုံလေးကို MBC က ပြန်လည်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကို “Extraordinary You” ဇာတ်လမ်းတွဲအပြီးမှာ စတင်ပြသမှာဖြစ်တယ်လို့သိရပါတယ်။

282 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.