ချစ်ဇနီးက သူ့ထက်ပိုပြီးဟာသတွေလုပ်တတ်ကြောင်း ပြောပြလာတဲ့ Kang Ki Young

SBS Power FM မှာ Kang Ki Young ရဲ့Radio Show လေးတစ်ခု လွှင့်ခဲ့ပါတယ်။ သူဟာ
ဒီကနေ့ အောက်တိုဘာ (၉)ရက်နေ့မှာ SBS Power FM မှာ အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရတာပါ။

Kang Ki Young ဟာ ဒီနှစ်မေလထဲမှာပဲ သူချစ်တဲ့အမျိုးသမီးလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အမျိုးသမီးက အနုအသိုင်းဝိုင်းထဲကတော့ မဟုတ်ပါဘူး။ သာမန်မိန်းကလေးပါပဲ။
၂နှစ်ခွဲလောက်ဒိတ်ပြီး မေလထဲမှာ လက်ထပ်ပွဲအကျဉ်းရုံးလေး ပြုလုပ်ခဲ့ကြပါတယ်။

Image result for Kang Ki Young

Kang Ki Young ကို မိန်းမနဲ့အကြောင်းမေးကြည့်တော့ ” ကျွန်တော့်မိန်းကလှတယ်ဗျ ..
လှသလောက်လည်း ဟာသတွေသိပ်လုပ်တတ်တာ။ အမြဲတမ်း ကျွန်တော်ပါးစပ်မပိတ်ရဘူး ။
ကျွန်တော့်ကိုယ် ကျွန်တော်ဟာသကောင်ကြီးမှတ်နေတာ.. သူက ကျွန်တော့်ထက်တောင်
ပိုရယ်ရတယ် ”

” ဘယ်လိုစကြိုက်တာလဲဆိုတော့ သူကကျွန်တော့်ကို အရင် crush တာဗျ .. သူစိတ်ဝင်စားတဲ့ပုံအရင်လာပြတာနော်။ နောက်မှ ကျွန်တော်ကဖွင့်ပြောတာ” လို့ မိန်းမကို အရွှန်းဖောက် ရယ်မောရင်းပြောပြခဲ့ပါတယ်။

Image result for The Most Ordinary Romance

Kang Ki Youngဟာ အောက်တိုဘာ ၆ရက်နေ့ကထွက်ရှိခဲ့တဲ့ “The Most Ordinary Romance” ဇာတ်ကားမှာ Kim Rae Won ၊ Gong Hyo Jin တို့နဲ့အတူ ပါဝင်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ ရုံတင်ပြီးရက်ပိုင်းအတွင်းမှာပဲ လူကြည့်များနေတယ်လို့ သိရပါတယ်။

277 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.