အချစ်ဇာတ်ကားသစ်မှာ Jang Ki Yong နဲ့ တွဲဖက်မြင်တွေ့ရမယ့် Krystal

နာမည်​​ကျော်​အဆို​တော်​တစ်ယောက်ဖြစ်သလို သရုပ်​​ဆောင်​တစ်​​ယောက်​ဖြစ်​တဲ့ f(x)အဖွဲ့ဝင် Krystal ဟာ “Sweet and sour” ဆိုတဲ့ဇာတ်​ကားသစ်​မှာ သရုပ်​​ဆောင်​သွားဖို့ရှိတယ်​လို့သိရပါတယ်​။

ဒီသတင်းနဲ့ပတ်သက်ပြီး သူမရဲ့ အေဂျင်စီ SM Entertainment ကလည်း သူမ ဒီဇာတ်ကားမှာပါဝင်မယ်ဆိုတဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ဒီဇာတ်​ကားကို “Lucky” ၊ “Cheer Up, Mr. Lee” စတဲ့ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်​တာ Lee Gyu Byuk က ရိုက်​ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်အဆိုတော်အဖြစ်လည်း ပရိသတ်အသိများတဲ့ Krystal ဟာ မကြာသေးခင်ကပဲ “Shouting For Your Father”ဇာတ်ကားကိုရိုက်ကူးခဲ့ပြီး “Unexpected Love”ဆိုတဲ့တရုတ်ကားမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။အခုလက်ခံရိုက်ကူးမယ့် “Sweet And Sour” ဇာတ်ကားကတော့ ကိုရီးယားမှာ သူမရိုက်ကူးမယ့်ပထမဆုံးပွဲဦးထွက်ဇာတ်ကားလည်းဖြစ်တယ်လို့သိရပါတယ်။

Krystal ဟာ The Heirs ၊ My Lovely Girl ၊ The Bride of Habaek ၊ Player စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

“Sweet And Sour” ဇာတ်​လမ်းပုံစံက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး မင်းသား Jang Ki Yong နဲ့မင်းသမီး Chae Soo Bin တို့လည်း ဒီဇာတ်​ကားမှာ  ပါဝင်သရုပ်​​ဆောင်ဖို့လက်ခံထားတယ်လို့သိရပါတယ်။

ဒီကားကို ၂၀၁၉ ကုန်​​လောက်​မှာစတင်​ရိုက်​ကူးသွားမှာဖြစ်​တယ်​လို့သိရပါတယ်​။

298 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.