IUနဲ့ Collaborate လုပ်ချင်ကြောင်းပြောလာတဲ့ EXO အဖွဲ့ဝင် Chen

SBS PowerFM ရဲ့ “Choi Hwa Jung’s Power Time” မှာ ဧည့်သည်အဖြစ် ပါဝင်လာတဲ့
EXO အဖွဲ့ဝင် Chen ဟာ နားဆင်သူတွေနဲ့ အပြန်လှန်စကားပြောခဲ့ပါတယ်။

Image result for EXO’s Chen Expresses Hopes To Collaborate With IU In The Future

ဒီလိုနဲ့နားဆင်သူတစ်ယောက်ကို စာရိုက်ပို့ခဲ့ပါတယ်။ ” Chen အသံနဲ့ IU နဲ့ဆို အရမ်းလိုက်မှာပဲ။အတူတူသီချင်းတွဲလုပ်ပါလား ” တဲ့။ Chen ကလည်း စာကိုဖတ်ပြီး ရယ်မောရင်း

” ဒီစာလေးအတိုင်း ကျွန်တော်လည်းဖြစ်ချင်ပါတယ်…အမှန်တကယ်ဖြစ်လာပါစေ” လို့ ပြောသွားပါတယ်။ သူလည်း အဆိုတော်ဆိုပေမယ့် IU ကိုလည်း ပရိသတ်တွေအနေနဲ့ အားပေးခဲ့ကြောင်း ၊ IU သီချင်းတွေအများကြီး နားထောင်ဖူးကြောင်းပြောပြခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာလည်း Chen က သူ့ရဲ့YouTube account မှာ IU ရဲ့သီချင်း ” Through the Night” သီချင်းလေးကို cover ပြန်ဆိုထားတဲ့ ဗီဒီယိုလေးလည်း တင်ခဲ့ဖူးပါတယ်။

အောက်တိုဘာ ၁ရက်နေ့ကလည်း Chenရဲ့ ” Shall We” ဆိုတဲ့ သီချင်းသစ်လေး ထွက်ခဲ့ပါတယ်။ ကဲ.. ပရိသတ်တွေရော သူတို့နှစ်ယောက်ရဲ့ပူးပေါင်းမှုလေးကို တွေ့ချင်ရဲ့လား

341 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.