TWICE အဖွဲ့ဝင် Nayeon စကတ်နဲ့ပတ်သတ်ပြီး ဝေဖန်နေကြတဲ့အပေါ် အေဂျင်စီရဲ့တုံ့ပြန်မှု

MBN Hero Concert မှာ TWICE အဖွဲ့ဝင် Nayeon ရဲ့စကတ်ပြဲနေတာကို ပရိသတ်တွေ
သတိထားမိခဲ့ပါတယ်။

nayeon1

“Fancy” ဖျော်ဖြေနေချိန်အတွင်း Nayeon ဝတ်ထားတဲ့ ငွေရောင်စကတ်လေးဟာ နှစ်ဖက်လုံးပြဲနေတာကို သတိထားမိခဲ့ပါတယ်။

စကတ်ဟာ တမင်ဖြဲထားတာလား ၊ ဒါမှမဟုတ် ကနေရင်းနဲ့ ပြဲသွားတာလားဆိုပြီး ပရိသတ်တွေ
က သိချင်နေခဲ့ကြပါတယ်။ ဒီစကတ်ဝတ်ရတာ သူမအတွက် သက်တောင့်သက်သာမဖြစ်ဘူး
ထင်တယ်လို့ တစ်ချို့ ကကွန်မန့်တွေပေးထားကြပါတယ်။

JYP Entertainment က ဒီဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး ပြန်လည်ရှင်းပြခဲ့ပါတယ်။
” Nayeon စကတ်က အရမ်းကြပ်နေတော့ သူမအနေနဲ့ဖျော်ဖြေလို့ အဆင်မပြေပါဘူး ။ ဒါကြောင့်ကျွန်တော်တို့ သူမစကတ် အဆင်ပြေသွားအောင် ခွဲပေးလိုက်တာပါ ”

Twice ရဲ့ အမ်ဘယ်အသစ် Feel Special မကြာမီထွက်ရှိလာတော့မှာဖြစ်ပါတယ်။
အနုပညာသက်တမ်း ၄နှစ်အပြည့် အထိမ်းမှတ်အဖြစ် Fan Meeting ပွဲလည်းလုပ်သွားမယ်လို့
သိရပါတယ်။ MBN Hero Concert က Twice ရဲ့ဖျော်ဖြေပွဲ ဗီဒီယိုဖိုင်လေးတင်ပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.