စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲမှာ တွဲဖက်မြင်တွေ့လာရနိုင်တဲ့ Park Shin Hye နဲ့ Cho Seung Woo

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီးချောလေး Park Shin Hye နဲ့ မင်းသား Cho Seung Woo တို့ကို မကြာခင်ဇာတ်လမ်းတွဲတစ်ခုမှာ အတူတွဲဖက်မြင်တွေ့ရဖွယ်ရှိတယ်လို့သိရပါတယ်။

JTBC က တာဝန်ရှိသူတစ်ယောက်ရဲ့အဆိုအရ “Cho Seung Woo နဲ့ Park Shin Hye တို့ကို ‘Sisyphus : The Myth’ ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ဖို့ကမ်းလှမ်းထားပါတယ်။အခု သူတို့ဇာတ်ညွှန်းကိုလေ့လာနေပါတယ်”လို့သိရပါတယ်။

‘Sisyphus : The Myth’ ဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲဖြစ်ပြီး ဒီဇာတ်လမ်းတွဲကို “Shining Inheritance” ၊ “City Hunter” ၊ “Doctor Stranger” ၊ “The Legend of the Blue Sea” စတဲ့ဇာတ်လမ်းတွဲတွေကိုရိုက်ကူးထုတ်လုပ်ခဲ့သူ ပရိုဂျူဆာ Jin Hyuk က ရိုက်ကူးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Park Shin Hye နဲ့ Cho Seung Woo တို့ကို ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်။သူတို့သာလက်ခံမယ်ဆိုရင် ဒါဟာ သူတို့နှစ်ယောက်ရဲ့ပထမဆုံးတွဲဖက်ရိုက်ကူးမှုဖြစ်ပါတယ်။Park Shin Hye ကလေးသရုပ်ဆောင်ဘ၀တုန်းက မင်းသား Cho Seung Woo ရဲ့ ရုပ်ရှင် “Love Phobia” မှာပါဝင်ဖူးတယ်ဆိုပေမဲ့ ဒီဇာတ်လမ်းတွဲကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်တွဲဖက်ရိုက်ကူးတာပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အခုလတ်တလောမှာဆိုရင် မင်းသား Cho Seung Woo ဟာ tvN ရဲ့ ဇာတ်လမ်းတွဲ “Forest of Secrets” အပိုင်း ၂ ကိုရိုက်ကူးနေတာဖြစ်ပြီး မင်းသမီး Park Shin Hye ကတော့ “Call” ဇာတ်ကားကိုဧပြီလတုန်းကရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့် “#ALONE” ဆိုတဲ့ရုပ်ရှင်ကို
စတင်ရိုက်ကူးဖို့ပြင်ဆင်နေပြီဖြစ်ကြောင်းသိရပါတယ်။

‘Sisyphus : The Myth’ ဇာတ်လမ်းတွဲမှာ သူတို့နှစ်ယောက်ကို တွဲဖက်မြင်တွေ့ရမလားဆိုတာကိုတော့ အတူတူဆက်ပြီးစောင့်ကြည့်လိုက်ရအောင်

663 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.