နှစ်တွေအကြာကြီးတွဲလာတိုင်းလည်း သူနဲ့ကံပါတယ်လို့ ယုံမှားမိနေလား

အနာဂတ်ကို ဘယ်သူမှကြိုမမြင်နိုင်ပါဘူး။ ဘယ်သူမှ ကြိုတင်မှန်းဆလို့မရတဲ့အရာထဲမှာ
အိမ်ထောင်ရေးဆိုတာလည်း ပါပါတယ်။ ချစ်နေရုံနဲ့ တစ်သက်လုံးလက်တွဲသွားရမယ်လို့
ထင်နေပါသလား ။

7 Reasons Why the Women Men Date Aren’t the Ones They Marry

၇နှစ်ကျော်တွဲလာတဲ့ မိန်းကလေးနဲ့ လက်မထပ်ဖြစ်ပဲ ၁နှစ်လောက်ပဲတွဲခဲ့ပြီးမှ ချက်ချင်းကောက်ယူလိုက်တဲ့ အတွဲတွေလည်းတွေ့ဖူးတယ်။ နှစ်တွေဘယ်လောက်ကြာကြာ လူမှန်မဟုတ်ရင်
ဖူးစာဆိုတာ လုပ်ယူလို့မရပါဘူး။ ဖူးစာဆိုတာ အချိန်မှန် ၊ လူမှန်ဖို့လည်းလိုပါတယ်။
ကျွန်တော်တို့ တွေ့မြင်နေရတဲ့ နာမည်ကျော်အနုပညာရှင် စုံတွဲတွေ ကွဲလိုက်ကြတာ
တစ်ယောက်ပြီး တစ်ယောက်ပဲ။

ဘာလို့လဲ.. သူတို့အတွက် လူမှန်မဟုတ်သေးလို့ပေါ့။ မှန်ကန်တဲ့လူဆိုတာ မှန်ကန်တဲ့အချိန်မှ
ရောက်လာတတ်တာပဲ။ အချိန်မတန်သေးသရွေ့ ဒီကြားထဲမှာတွေ့ခဲ့တဲ့ လူတွေဆိုတာ သင့်ဆီ
အလည်လာတဲ့ ခရီးသွားတွေ သက်သက်ပါပဲ။

Image result for sad couple

သင်ဟာ ချစ်သူကိုဘယ်လောက်ပဲ ချစ်နေပါစေ.. ပေါင်းစည်းလို့မရတဲ့ ကံမပါလာရင်
ဘယ်လိုမှ မဆုံနိုင်ပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ လောကမှာလည်း လူတွေအားလုံး
ချစ်ရတဲ့ တစ်စုံတစ်ယောက်ဆိုတာရှိခဲ့ကြတာပဲ။ ကံကြမ္မာရဲ့စီစဉ်မှုအရ ဆုပ်ကိုင်ထားလို့
မရတာတွေ ရှိခဲ့တယ်။ ဘဝဟာ အမြဲဒီလိုပါပဲ။ ဘယ်တော့မှ မချောမွေ့နေခဲ့ပါဘူး။ ချစ်တဲ့သူနဲ့
ကွေကွင်းတဲ့လူတွေရှိသလို တကယ်ပေါင်းစည်းခွင့်ရနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။

ပေါင်းစည်းခွင့်ရတယ်ဆိုတာ သူတို့ချင်း မှန်ကန်ကြလို့ပါ။ တစ်ခါတစ်လေကြတော့လည်း
ကံမဟုတ်ပေမယ့် ဆုံးဖြတ်ချက်တွေက မှားသွားတတ်ကြတယ်။ လူတိုင်းမှာ မိဘဆွေမျိုးတွေရဲ့
စိုးမိုးခြယ်လှယ်မှုတွေ ရှိပါတယ်။ သူများနိုင်ငံမှာတော့ သိပ်ဂရုမစိုက်ကြပေမယ့် ကျွန်တော်တို့
မြန်မာနိုင်ငံမှာတော့ အစစအရာရာ မိဘရဲ့ခြယ်လှယ်မှုတွေနဲ့ရှင်သန်ကြရပါတယ်။

Related image

ချစ်ရင်တောင် မညားခဲ့ကြဘူး။ မိဘက သဘောမတူတာနဲ့ ခေါင်းသုံးဖို့ပြောတာနဲ့ အချစ်ထက်
သူများဆုံးဖြတ်ချက်တွေကို နာခံလိုက်ရတာများတယ်။ မိဘတွေက ရေရှည်တွေးပြီး စားဝတ်နေ
ရေးအဆင်ပြေအောင် စီစဉ်ပေးခဲ့တာမှန်ပေမယ့် အချစ်မပါ၊ အကျင့်စရိုက်တွေ မတူညီတဲ့
အိမ်ထောင်ရေးဟာ ကြာလေ ပွတ်တိုက်မှုတွေများလာပြီး ပြိုကွဲလာမှာပါပဲ။
စိတ်ချမ်းသာဖို့က အဓိကဆိုတာ လူတွေကမေ့နေတတ်ကြတယ်။

ဒီလိုဆုံးဖြတ်ရင် ငါတကယ်ပျော်မှာလားလို့ ကိုယ့်ကိုကိုယ်မေးဖို့ မေ့နေတတ်ကြတယ်။
ဒီလူနဲ့တစ်သက်လုံးနေရင် ငါစိတ်ချမ်းသာမှာလားလို့ မေးပြီးမှ ဆုံးဖြတ်ချက်ကိုချကြပါလို့ …

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.