အဗ္ဗဒူလာ အသက် ၂၇ နှစ်အရွယ် ၊ စာမေးပွဲဖြေဖို့ လုံးပန်းနေရချိန်မှာ အလုပ်တစ်ခုကို ရရှိခဲ့ပါတယ်။ သုံးလ သားအရွယ်သာ ရှိသေးတဲ့ ကျားမလေး မူလန်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပါ။ အခုဆို ကျားမလေး မူလန်ဟာ ခြောက်နှစ်အရွယ်ကို ရောက်ရှိလာပြီး ၁၇၈ ကီလိုဂရမ်အလေးချိန် ရှိလာပြီဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ ဂျာဗား က ရွာတစ်ရွာမှာ အတူနေထိုင်တဲ့ သူတို့ နှစ်ယောက်ဟာ အခုဆို အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် ခွဲထားလို့ မရဘူးလို့ ဆိုပါတယ်။ ကျားမ မူလန်ဟာ သူ့ သခင် အဗ္ဗဒူလာ ကို အရမ်းချစ်ခင်ပြီး သူတို့ နှစ်ယောက်ဟာ အမြဲတမ်း အတူတူဆော့ကစား ၊ လုံးထွေးသတ်ပုတ်နေကြလေ့ ရှိတယ်လို့ ရွာခံတွေက ဆိုပါတယ်။
အရှည်သုံးမီတာ၊ အမြင့် ၁မီတာ မြင့်တဲ့ ကျားမ မူလန်ဟာ ကျားကြီး တစ်ကောင် ဖြစ်လာပေမယ့် ရန်လိုတဲ့ အမူအကျင့်လုံးဝမရှိဘဲ သူ့ သခင် နဲ့ သာ အတူနေလေ့ရှိတယ်လို့ သိရပါတယ်။့  ခြောက် ကီလိုဂရမ်ရှိတဲ့ ကြက်သား ကို ကျားမမူလန်စားဖို့ အတွက် အစားအစာအဖြစ် တစ်နေ့ နှစ်ခါ ကျွေးရပါတယ်။
အဗ္ဗဒူလာ ဟာ တစ်ချို့ ညတွေမှာ သူ့ အိပ်ရာပေါ်မှာ သူမအိပ်ဘဲ ကျားမ မူလန်နဲ့ အတူတူ သွားရောက် အိပ်စက်လေ့ ရှိပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ သူတို့ နှစ်ယောက် အိပ်စက်တဲ့ကြားမှာ သံတိုင်တွေ ကာရံ ထားပေမယ့် အဗ္ဗဒူလာကတော့ မလိုအပ်ဘူးလို့ ဆိုပါတယ်။
Ref: mirror,daily mail