တစ်စုံတစ်ယောက်ကိုဖြူဖြူစင်စင်ချစ်ကြည့်ပါ….

ဘ၀မှာလူတစ်ယောက်ကို ဘာမျှော်လင့်ချက်မှမထားပဲ ချစ်ဖူးလား? ဘာလိုချင်တပ်မက်မှုမှ မရှိပဲ လူတစ်ယောက်အပေါ်ချစ်နိုင်ဖို့ဆိုတာ တစ်ရာမှာ နှစ်ဆယ်တောင် ခပ်ရှားရှားရယ်ပါ။ ဒါပင်မဲ့ မရှိဘူးလို့လည်းပြောလို့တော့မရပါဘူးနော် …ဘာလို့လဲဆိုရင်ဒီလိုချစ်နိုင်တဲ့သူတွေ ရှိနေသေးလို့ပါ။

လူဆိုတာ ဘ၀ကိုအကောင်းဆုံးရပ်တည်နေရတာဖြစ်တဲ့အတွက်မျှော်လင့်ချက်ကလေးတော့ထားသင့်တာပေါ့လို့ ပြောကြလိမ့်မယ် …မှန်ပါတယ် ထားပါ မျှော်လင့်ချက်တွေထားပါ ဒါပင်မဲ့ကိုယ်ချစ်တဲ့သူဆီက နေတော့များများကြီးမမျှော်လင့်ထားတာကောင်းပါတယ်။ မျှော်လင့်တယ်ဆိုတဲ့ အပိုင်းမှာ လက်ဆောင်ပစ္စည်းမျှော်လင့်တာ ရော စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုမျှော်လင့်တာရောပါဝင်ပါတယ်။

တစ်ချို့တွေက ကိုယ့်ကို စိတ်မ၀င်စားတဲ့သူကိုမှစိတ်ဝင်စားမိတယ်နောက်ဆုံးချစ်မိသွားတယ် …ဒါဆိုဒီနေရာမှာတင်ကိုယ့်စိတ်ကိုရပ်လိုက်ပါ။ သူကြိုက်လာမလားဆိုတဲ့စိတ်နဲ့ အပြင်းအထန်ကြိုးစားတာတွေမလုပ်ပါနဲ့။ ကိုယ့်ကို သာတကယ်ချစ်မယ်ဆိုရင်ကိုယ်က ဘာမှကြိုးစားမနေ တာ တောင် သူ့အလိုလို ကိုယ့်အ ပေါ် မေတ္တာရှိလာမှာပါ။ ဒါကြောင့် ကိုယ်ချစ်တိုင်းပြန်ချစ်ရမယ်၊ ကိုယ်ဂရုစိုက်လွန်းတိုင်း ဆတူ စိုက်ပေးရမယ်၊ ကိုယ့်ဘက်က ဒါလုပ်ပေးရင်သူ့ဘက်ကဟိုဟာပြန်လုပ်ပေးနိုင်မှဖြစ်မယ်ဆိုပြီး ဖြူစင်လှတဲ့ ချစ်မေတ္တာကို အေ ရာင်မဆိုးပစ်ပါနဲ့။

ကိုယ်က အရိပ်ယောင်ပြလို့သူ့ဘက်ကချစ်မလာရင်မကြိုးစားပါနဲ့။ ချစ်သူရည်းစားဘ၀၊ အိမ်ထောင်သည်ဘ၀မှာလည်းကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ဘာမှကြီးကြီးမားမားကြီး surprise တွေဘာတွေလုပ်မ ပေးရင်တောင်သူအဆင်ပြေ အေးချမ်းနေတာကိုမြင်တာနဲ့ ကျေနပ်တတ်သူဖြစ်ပါစေ။

မေတ္တာ ဆိုတာ ရောင်ပြန်ဟပ်ပါတယ် ကိုယ်က လုပ်ပါဟဲ့ ပြောနေမှ ဖြည့်ဆည်းပေးတတ်တာ ထက်စာရင် သူ့အလိုလို ကိုယ့်အတွက် ဖြစ်လာတဲ့ ခံစားချက်အစစ်မှန်နဲ့အပြုမူကိုလက်ခံတတ်အောင်ကြိုးစားပါ။

ကိုယ်ပြောမှ ကိုယ်တိုက်တွန်းမှ ကိုယ်ဖိအားပေး နိုင်လွန်းမှ ရတဲ့ အရာတွေက သူ့စိတ်ထဲက ဆန္ဒပြည့်ပြည့်၀၀မဖြစ်နိုင်သေးတာမလို့ သင်ရလည်းပျော်ရွှင်ရမှာ ခဏတာပါပဲ…

လူတစ်ယောက်အပေါ် ဖြူဖြူစင်စင်လေးချစ်နိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.