ဆင်တုတ်ကွေးကြောင့်ဖြစ်တဲ့ကိုက်ခဲမှုကို သက်သာစေတဲ့နည်းလမ်းကောင်း…

ဆင်တုတ်ကွေး ကပေးတဲ့ဒုက္ခကြောင့် လမ်းတောင်မလျှောက်နိုင်ပဲ တစ်ကွကွဖြစ်နေပြီလား?….

ဆင်တုတ်ကွေးက လူကိုတင်ဖျားစေတာမဟုတ်ပဲ ခန္ဓာကိုယ်ကိုပါ အချိန်ကြာသည်အထိ နာကျင်ကိုက်ခဲ စေပါတယ်။ ဒူးတွေလေးလာမယ် ခါးတွေနာမယ်၊ တစ်ကိုယ်လုံးကို သူများရိုက်ထားသလို ကို နာကျင်ကိုက်ခဲတတ်ပါတယ်။

ဒီလိုကိုက်ခဲနာကျင်ခြင်းကို တစ်ချို့သောသူတွေက ဆင်တုတ်ကွေးမဖြစ်ခင် အချက်ပြသလို တစ်ချို့ကျ ပြန် တော့လည်း ဖြစ်ပြီးမှာ အချက်ပြတာမျိုးတွေရှိတတ်ကြပါတယ် ။ ဆိုတော့ ဘယ်လို နာကျင်မှုလက္ခဏာမျိုးပဲဖြစ်ပါစေ နာကျင်ကိုက်ခဲပုံချင်းက တော့တူတူလောက်ပါပဲ ။ အခု ပြောပြ ပေးချင်တဲ့ နည်းလမ်းလေးက တော့ ဆင်တုတ်ကွေးကြောင့်ပဲဖြစ်ဖြစ် တစ်ခြားသော အ ကြောတက်ညောင်းညာ ရောဂါကြောင့်ပဲဖြစ်ဖြစ် ကိုက်ခဲ နာကျင်လာတဲ့ အခါ သက်သာေ စနိုင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ဒါက ဘာလဲဆိုရင်…

တန်ဆောင်မုန်း လပြည့် ည ၁၂ ဆိုနှစ်စဉ် သုပ်စားလေ့ရှိတဲ့ မယ်ဇလီဖူးသုပ်ရဲ့ အရွက်ပါပဲ ။ တစ်နည်းအားဖြင့် ပြောရရင် မယ်ဇလီရွက်ပါ။ မယ်ဇလီဖူးရွက်ကို များများလေးခူးပြီး ရေေ နွးနွေးလေး( ချိုးနိုင်သည့် အ နေထား) လောက်နဲ့ ပြုတ်ပါ။ ထွက်လာတဲ့ အရည်မဲမဲညိုညိုနဲ့ အနံ့ဖန်ဖန်ကြီးကို ခံစားမိပါလိမ့်မယ်။ ဒီအနံ့ရလာရင်တော့ တစ်ကိုယ်လုံးကို လောင်းချိုးလို့ရပါပြီ။

တစ်ယောက်နဲ့ တစ်ယောက်မတူလို့ တစ်ချို့က တစ်ခါတည်းနဲ့သိသာပင်မဲ့ တစ်ချို့ကတော့သုံး လေးခါ လောက်ချိုးမှသက်သာတယ်လို့ သိရပါတယ်။

သိပ်လည်းမခက်ခဲတာမလို့ ကိုယ့်အတွက်အကျိုးရှိမဲ့ သက်သာ ရာသက်သာကြောင်းနည်းလမ်းလေးကို လုပ်ကြည့်ကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်နော်…

 

525 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.