ကားပါကင်မှာ ပျောက်သွားတဲ့ ကန်ဒေါ်လာ ၄၀၀၀၀ ပါစာအိတ်ကို စိတ်နှလုံးကောင်းရှိသူက ပြန်ပေး

e1797073-adf3-4dc0-9283-a1276d53239a_brian-dicarlo.png

 

အမေရိက၊ Oregon ပြန်နယ်က အသက်၇၁နှစ်အရွယ် Sharon Davisဆိုသူဟာ ကန်ဒေါ်လာ ၄၀၀၀၀ ပါတဲ့စာအိတ်ကို ကားပါကင်မှာ ပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဖွားဟာ ကံကောင်းခဲ့ပါတယ်။ စိတ်နှလုံးကောင်းရှိ၊ ကူညီတတ်သူ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောက်ရခဲ့ပြီး စာအိတ်ကို အဲ့ဒီ့အဖွားဆီ ပြန်ပေးခဲ့ပါတယ်။

KPTV Fox 12 ရုပ်သံလိုင်းရဲ့ သတင်းထုတ်ပြန်မှုအရ အဖွားSharon ဟာ Oregon ပြည်နယ် Sunnysideလမ်းမှာရှိတဲ့ Sunnyside Marketplaceကိုသွားပြီး အိမ်တစ်လုံးအတွက် ငွေခြေဖို့အသွားမှာ ပိုက်ဆံထည့်ထားတဲ့ စာအိတ်ပျောက်သွားခဲ့တာလို့ သိရပါတယ်။

ပိုက်ဆံပါ အညိုရောင် စာအိတ်ကို ပျောက်သွားပြီဆိုတာ သိလိုက်တာနဲ့ Ms. Sharon Davisဟာ နေရာတစ်ဝိုက်ကို စေ့စေ့ငှငှရှာတယ်၊ ပလာဇာထဲက စတိုးဆိုင် ပိုင်ရှင်တွေကို လိုက်မေးတယ်။ တစ်ယောက်ယောက်များ တွေ့ခဲ့ရင်ပေါ့။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

“ကျွန်မ စိတ်ဖိစီးပြီး အသက်ရှူမှားသွားခဲ့တယ်။ နှလုံးဖောက်ရင်ဖောက်၊ သွေးတိုးရင်တိုးပါပဲ။” လို့ Ms. Sharon Davisက KATU (ABC သတင်းအဖွဲ့ဝင်) ရုပ်သံလိုင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ စီရင်စု ငြိမ်ဝပ်ပိပြားရေးအရာရှိတွေဆီ ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်။

Ms. Sharon Davisဟာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေတုန်း၊ သိပ်ရိုးသားတဲ့ Brian DiCarloဆိုသူဟာ စွတ်ဆိုတဲ့မြေပေါ်မှာ စာအိတ်ကိုကောက်ရခဲ့ပါတယ်။ Brian DiCarloဟာ အသက်၂၃နှစ်အရွယ်ရှိပြီး Portland State တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ “စာအိတ်က သိပ်လဲညစ်ပတ်ပြီး စိုစွတ်နေတာ မဟုတ်ပါဘူး။ အဖွားက ကျရစ်ခဲ့တာဖြစ်မှာပေါ့။ ကျွန်တော်လဲ ကောက်ရမိခဲ့တယ်။” လို့ Brian DiCarloကပြောခဲ့ပါတယ်။ Brian ဟာ စာအိတ်ကို ပထမတော့ အမှိုက်လို့ပဲထင်ခဲ့တယ်။ ပြီးတော့ အထဲမှာ တန်ဖိုးရှိတာ ဘာပါမလဲလို့ ဖွင့်ကြည့်ဖြစ်ခဲ့တယ်။

“ကျွန်တော်ပထမဆုံး စဉ်းစားမိတာက ကျပျောက်တဲ့သူတော့ ချုံးချုံးချဖြစ်နေလောက်ပြီလို့ပဲ။ ဘယ်သူပဲဖြစ်ဖြစ် အကြီးအကျယ် စိတ်ထိခိုက်ပြီး လိုက်ရှာနေလောက်မှာပဲ။” လို့ Brian ကပြောပြတော့ ဖြုံသွားပါတယ်။ ပိုက်ဆံတွေကို သူကသိမ်းထားချင်တဲ့စိတ် မရှိပါဘဲ ငြိမ်ဝပ်ပိပြားရေး အရာရှိတွေကို ဖုန်းဆက်ပြီး အာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်ခဲ့တယ်။

“ဒါပျောက်သွားတဲ့သူရဲ့ ကိစ္စ။ ပျောက်သွားတဲ့သူရဲ့ အလုပ်။ သူမ သာ ဆုံးရှုံးလိုက်ရမယ်ဆိုရင်  သူမ မျှော်လင့်ထားတာ ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး။ ကျွန်တော့်နေရာမှာ တခြားတစ်ယောက်ယောက် ဆိုရင်လည်း ဒီလိုပဲ လုပ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ Brianက မှတ်သားစရာ ပြောပြခဲ့ပါတယ်။

Ref:yahoo!news

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.