ဒါလေးတွေသိထားတော့ အချိန်ကုန် လူပင်ပန်း သက်သာတာပေါ့…

ကျွန်တော်တို့တွေ သတိမထားမိတဲ့နည်းလမ်းကောင်းတွေဟာ ဒီကမ္ဘာပေါ်မှာအများကြီးရှိနေပါသေးတယ်။တစ်ချို့နည်းလမ်းတွေက ကျွန်တော်တို့ဘ၀အတွက် အသုံးဝင်တယ်။တစ်ချို့နည်းလမ်းတွေက ကျွန်တော်တို့အတွက် အကျိုးရှိစေတယ်။အချိန်ကုန်သက်သာစေတယ်။လူလည်းမပင်ပန်းစေဘူး။ဒါကြောင့်စာဖတ်ပရိသတ်ကြီးလည်း သိထားရအောင် နည်းလမ်းကောင်း၊အကြံဥာဏ်ကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

-တိပ်ခွာဖို့ အစရှာမရဘူးလား?


စာအုပ်ညှပ်တဲ့ကလစ်လေးတွေနဲ့တိပ်အစကို ညှပ်ထားလိုက်မယ်ဆိုရင် အချိန်ကုန်သက်သာ၊စိတ်လည်းသက်သာတယ်မဟုတ်လား။

– ခြင်၊ပိုးမွှားအကိုက်ခံရတဲ့အခါ


ခြင်ကိုက်၊ပိုးမွှားကိုက်ခံရလို့ ယားယံနေတဲ့နေရာကို ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီးပွတ်ပေးလိုက်ပါ။ယားယံတာတွေပျောက်သွားပါလိမ့်မယ်။

-Primer ကုန်နေတဲ့အခါ


မိတ်ကပ်လိမ်းမယ်။မျက်လုံးခြယ်မယ် ဒါပေမဲ့ Primer ကုန်နေတယ်ဆိုပြီးစိတ်မညစ်သွားပါနဲ့။Lip Balm ကလည်း Primer လိုပဲ အသုံးဝင်ပါတယ်။Primer အစား Lip Balm ခံလိမ်းကြည့်လိုက်ပါ။

-ဆံပင်တွေအရမ်းအဆီပြန်နေတဲ့အခါ


မုန့်ဖုတ်ဆော်ဒါမှုန့် အနည်းငယ်ကို ခေါင်းလျှော်ရည်နဲ့ရောစပ်လျှော်တာဖြစ်စေ၊အမှုန့်ကိုတိုက်ရိုက်ဖြူးချလိုက်တာဖြစ်စေ လုပ်ပေးမယ်ဆိုရင်ဆံပင်အဆီပြန်တာလျော့နည်းသွားပါလိမ့်မယ်။

-Microwave ညစ်ပတ်နေတဲ့အခါ


ရေနဲ့ရှာလကာရည်ကိုအနည်းငယ်ရောစပ်ပြီး microwave-safe bowl ထဲကိုလောင်းချပါ။၅မိနစ်လောက် အပူပေးပါ။ပြီးရင် ၂မိနစ်လောက်စောင့်ပြီး အ၀တ်စနဲ့သန့်ရှင်းလိုက်လို့ရပါပြီ။

-လက်မှာ သစ်သားစဆူးမိတဲ့အခါ


လက်မှာအဆူးဝင်သွားရင် ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။လုပ်ရမယ့်နည်းလမ်းကလွယ်လွယ်လေးပါပဲ။ရေနဲ့မုန့်ဖုတ်ဆိုဒါကို ခပ်ပျစ်ပျစ်လေးရောစပ်ပြီးလိမ်းလိုက်ပါ။ခဏကြာတဲ့အခါ ဆူးက အပြင်ကိုအနည်းငယ်ထွက်လာပါလိမ့်မယ်။အဲ့ဒီအခါ ဆွဲထုတ်လိုက်ရုံပါပဲ။

-ဆွယ်တာမှာထွက်နေတဲ့ အမွှေးတွေကိုဖယ်ရှားချင်တဲ့အခါ


ဆွယ်တာတွေဝတ်တာကြာလာရင် အမွှေးတွေဖွာထွက်လာတတ်ပါတယ်။အဲ့ဒီအခါ ဂျုတ်လေးနဲ့ ဖြည်းဖြည်းချင်းရိတ်ပေးလိုက်ရုံပါပဲ။မဖွာထွက်တော့ပဲ
ကြည့်ရကောင်းသွားပါလိမ့်မယ်။

-နေလောင်ဒဏ်ရာအတွက်


နေလောင်ဒဏ်ရာတွေဖြစ်တဲ့အခါမှာ Black Tea အထုပ်လေးတွေသုံးပေးနိုင်ပါတယ်။Black tea bag လေးတွေကို ရေအေးထဲမှာစိမ်ထားပြီးနေလောင်ဒဏ်နေရာတွေမှာကပ်ထားပေးပါ။ပုံမှန်လုပ်ပေးသွားရင် မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source:Brightside

264 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.