အချစ်ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်မြင်တွေ့ရတော့မယ့် Park Min Young နဲ့ Seo Kang Joon

တောင်ကိုရီးယားရဲ့ဒိတ်ဒိတ်ကျဲအနုပညာရှင်နှစ်ယောက်ဖြစ်တဲ့မင်းသမီး Park Min Young နဲ့ မင်းသား Seo Kang Joon တို့ကို မကြာခင်ဇာတ်လမ်းတွဲသစ်လေးမှာ တွဲဖက်မြင်တွေ့ရပါတော့မယ်။

JTBC က ရိုက်ကူးထုတ်လွှင့်မယ့် “I’ll Go to You When the Weather Is Nice”(ယာယီ
နာမည်)ဇာတ်လမ်းတွဲမှာ သူတို့နှစ်ယောက်ကို ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းကတော့ အတည်ပြုလက်ခံကြောင်းသတင်းထွက်ရှိလာခဲ့ပါတယ်။

“I’ll Go to You When the Weather Is Nice”ဇာတ်လမ်းတွဲဟာ ၀တ္ထုစာအုပ်ကိုအခြေခံပြီးရိုက်ကူးသွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Park Min Young ကို ငယ်ငယ်တည်းက တယောထိုးလာခဲ့ပြီးပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့အမျိုးသမီးလေး Mok Hae Won အဖြစ်မြင်တွေ့ရမှာပါ။မင်းသား Seo Kang Joon ကတော့ Gangwon ပြည်နယ်က မြို့သေးသေးလေးမှာနေထိုင်တဲ့ စာအုပ်ဆိုင်ပိုင်ရှင် Im Eun Seob အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကော်ဖီသောက်ရင်း စာအုပ်လေးတွေဖတ်ကာ နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ Im Eun Seob ရဲ့ ဘ၀ထဲကို Mok Hae Won ၀င်ရောက်လာတဲ့အခါမှာတော့…ကမောက်ကမတွေ၊အလွဲလေးတွေနဲ့လှပတဲ့အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရမှာပါ။

“I’ll Go to You When the Weather Is Nice”ဇာတ်လမ်းတွဲကို ၂၀၂၀ နှစ်စပိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ဇာတ်လမ်းတွဲသစ်လေးကို အတူတူစောင့်မျှော်လိုက်ကြရအောင်

Source:Soompi

903 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.