Jungkookနဲ့ ဒိတ်နေတယ်ဆိုတဲ့ ကောလဟာလတွေဖြန့်တာကို ရပ်ဖို့ပြောလိုက်တဲ့ Rapper Hash Swan

BTS အဖွဲ့ဝင် Jungkook နဲ့ Rapper Hash Swan တို့ ဒိတ်နေတာလား ဆိုတဲ့ သတင်းတွေကို
ဆက်မဖြန့်တော့ဖို့ Hash Swan က မေတ္တာရပ်ခံခဲ့ပါတယ်။

Image result for Hash Swan

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်နေ့က ဆိုရှယ်မီဒီယာပေါ် ပျံနှံလာတဲ့ပုံတစ်ပုံမှာ Jungkook က
ယောက်ျားတစ်ယောက်ကို ဖက်ထားတဲ့ပုံလေးဖြစ်ပါတယ်။

Related image

ချက်ချင်းပဲ အဲ့ဒီပုံက ပျံ့ နှံ့သွားပြီး
Jungkook မှာ ဒိတ်နေတဲ့လူရှိနေပြီး အဲ့ဒီလူဟာ ယောက်ျားတစ်ယောက်ဖြစ်တယ် ဆိုတဲ့
ကောလဟာလတွေ ထပ်ပျံလာပါတော့တယ်။

အဲ့ဒီယောက်ျားဟာ Hash Swan ဆိုပြီး ပြောတဲ့အသံတွေက ပိုကျယ်လောင်လာပါတယ်။
Hash Swan လည်း မခံနိုင်တော့တဲ့အဆုံး အင်တာနက်မှာပျံ့ နေတဲ့ အဲ့ဒီပုံကိုကြည့်ပြီး
အဲ့ဒီလူဟာ သူမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

” ဒါ ကျွန်တော်မဟုတ်ပါဘူးဗျာ … ဒီလိုလာပြောပြတယ်ဆိုတာလည်း အားလုံးက ကျွန်တော့်ကိုပဲလာမေးနေကြလို့ပါ။ စိတ်ညစ်ပါတယ်… ကျွန်တော့်ကို တွန်းထုတ်နေကြသလိုပဲ ” လို့ ရေးထားခဲ့ပါတယ်။

နောက်ထပ်ပို့စ်တစ်ခုအနေနဲ့ … ” ကျွန်တော် သေချာကြည့်ပြီးပါပြီ.. ယောက်ျားလေးချင်း
ဖက်တာနဲ့ ဒိတ်နေတယ်လို့ ကောက်ချက်ချစရာမလိုပါဘူး။ ပြီးတော့ ကျွန်တော့်သီချင်းတွေနဲ့
ကျွန်တော် မအားပါဘူး။ hashtags ခံပြီး ကျွန်တော့်ဘက်က ရပ်တည်ပေးတဲ့ ပရိသတ်တွေ ၊
သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာမှ မှားတာလည်း မလုပ်ထားပါဘူး။

Image result for Hash Swan

ဒါကြောင့် ရပ်လိုက်ကြပါတော့.. ကျွန်တော်လည်း ပင်ပန်းနေပါပြီ..အားပေးနေတဲ့ ပရိသတ်တွေအတွက် သီချင်းတွေ ကျွန်တော်ဖန်တီးနေပါတယ်.. ထွက်လာတဲ့နေ့ အားလုံး စိတ်ကျေနပ်အောင်အကောင်းဆုံး ကြိုးစားသွားမှာပါ.. ”

သူ့ရဲ့အေဂျင်စီကလည်း ဒီထက်ပိုပြီး အဲ့ဒီလိုသတင်းမှားတွေနဲ့ Hash Swan ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်အောင်လုပ်နေမယ်ဆိုရင် ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.