နေ့သစ်တွေကို အပြုံးနဲ့စတင်လိုက်ပါ…

နေ့ရက်တိုင်းမှာ နေ့စဉ်ဓူဝကိစ္စတွေနဲ့ ရုံးသွားလိုက် ၊ အိမ်ပြန်လိုက် ၊ အိမ်အလုပ်တွေထပ်လိုက်နဲ့
မင်းရဲ့ မျက်နှာမှာ အပြုံးတွေသီကုံးဖို့ မေ့နေပြီလား …

Image result for smile

ပြုံးပါ… ပြုံးဖို့ မမေ့လိုက်ပါနဲ့ ။ စိတ်ညစ်လာတဲ့နေ့တွေဆို မှန်ထဲကြည့်ပြီး ပြုံးလိုက်ပါ။
အပြုံးတွေကနေ သင့်စိတ်ကို ပျော်ရွှင်ကြည်နူးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြုံးလိုက်တဲ့အတွက် မာကြောနေတဲ့စိတ်တွေ နည်းနည်းတော့ ပြေလျော့စေမှာပါ။

လမ်းသွားလမ်းလာမှာ မျက်နှာချင်းတန်းမိနေရုံပဲ သိတဲ့လူဖြတ်လာရင်လည်း ပြုံးဖို့ မမေ့ပါနဲ့။
အပြုံးကပဲ လူတွေရဲ့ခင်မင်ရင်းနှီးမှုကို လမ်းပြပေးတယ်။ အပြုံးကပဲ ကံကောင်းခြင်း ၊ ပျော်ရွှင်ခြင်းတွေကို ယူဆောင်ပေးတယ်တဲ့။

Related image

ကဲ.. ဘယ်လောက်ကောင်းလိုက်လဲ.. အပြုံးတွေမှာ ဒီလောက်အံ့မခန်းအစွမ်းတွေရှိနေတာကို
ကောင်းကောင်းအသုံးချတတ်ရမှာပေါ့။ မျက်နှာတည်နေတဲ့လူထက် ၊ အပြုံးတွေနဲ့ ချိုမြနေတဲ့
မျက်နှာလေးက ပိုပြီး လူချစ်လူခင်များပါတယ်။ သူ့ရဲ့စိတ်က မျက်နှာမှာပေါ်နေတာကိုး ။

စိတ်ကလေးသန့်နေရင် လူတစ်ယောက်ဟာ ဘယ်လိုနေနေလှပါတယ်။ စိတ်ကလေးရှင်းအောင်
ထားပြီး ပြဿနာတွေ ကြုံလာတဲ့အခါ မကြာခင်ပြီးဆုံးသွားမှာပါလို့ ခေါင်းထဲသွင်းနော်။

139 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.