ဝမ်းချုပ်ခြင်းကို မြန်မြန်သက်သာစေမယ့် နည်းလမ်း ၅ သွယ်

လူအများစုက ၀မ်းချုပ်ရောဂါကို မကြာခဏဆိုသလို ခံစားရလေ့ရှိပါတယ်။အမျှင်ဓာတ်နည်းပါးပြီးရေဓာတ်ချို့တဲ့တာကြောင့် ဒီလိုဝမ်းချုပ်တဲ့ဝေဒနာကိုခံစားလာရတာပါ။ဒီတော့ ၀မ်းချုပ်တာကို မြန်မြန်သက်သာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းကြမလဲ?

– ပျားရည်နဲ့သံပုရာလက်ဖက်ရည်

ပျားရည်စားပွဲတင်ဇွန်း ၂ ဇွန်းစာရယ်၊သံပုရာသီးစိတ်လေးအနည်းငယ်ရယ်ကို ရေတစ်ခွက်နဲ့ရောစပ်ပြီး သောက်ပါ။သံပုရာသီးက အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ပျားရည်နဲ့ရောစပ်ပြီး သောက်သုံးပေးတာက
အစာအိမ်ကိုလည်းပိုပြီးကျန်းမာစေပါတယ်။ဒါကြောင့်ဝမ်းချုပ်နေရင် ပျားရည်သံပုရာလက်ဖက်ရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးကြည့်ပါ။

– ရေ

ဒီနည်းကတော့အလွယ်ဆုံးပါပဲ။မကြာခဏ၀မ်းချုပ်တတ်ရင် ရေများများသောက်ပေးဖို့လိုပါတယ်။ယောကျာ်းလေးဆို တစ်နေ့ကို ရေ ၃.၇ လီတာသောက်ပေးသင့်ပြီး မိန်းကလေးတွေက တစ်နေ့ကို ၂.၇ လီတာသောက်ပေးသင့်ပါတယ်။အဲ့ဒါမှ ရေဓာတ်များများပြည့်ဝပြီး အစာချေစနစ်ကိုကောင်းမွန်သွားစေမှာပါ။ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝနည်းလမ်းတစ်ခုပါပဲ။

– အမျှင်ဓာတ်များပြားတဲ့အစားအစာ

အမျှင်ဓာတ်များပြားတဲ့အစားအစာတွေ များများစားပေးတာကလည်း အစာချေစနစ်ကိုကောင်းမွန်စွာလည်ပတ်စေပါတယ်။ရေလည်းများများသောက်ပေးပြီး အမျှင်ဓာတ်များတဲ့ ပန်းသီး၊ဖရုံစေ့၊နေကြာစေ့၊အနက်ရောင်ပဲစေ့တွေနဲ့ တစ်ခြားဟင်းသီးဟင်းရွက်တွေကိုပုံမှန်စားပေးသွားမယ်ဆိုရင် ၀မ်းချုပ်တဲ့ဝေဒနာကိုသက်သာသွားစေပါလိမ့်မယ်။

– ဆီးသီးခြောက်

ဆီးသီးခြောက်ဟာ အမျှင်ဓာတ်လည်းများပြားသလို ၀မ်းချုပ်တာကိုဖြည်းဖြည်းချင်းသက်သာသွားစေတဲ့ Sorbitol ဓာတ်တစ်မျိုးလည်းပါဝင်ပါတယ်။ဆီးသီးခြောက်ကိုဒီတိုင်းစားရတာမကြိုက်ရင် ဖျော်ရည်အဖြစ်သောက်ပေးနိုင်ပါတယ်။ဆီးသီးခြောက်စားပြီးချက်ချင်းသက်သာမှာတော့မဟုတ်ပါဘူး။တစ်နာရီ ၂နာရီလောက်တော့ အချိန်ယူရပါတယ်။

– ဒိန်ချဉ်

တကယ်လို့သင်ဟာ မကြာခဏ၀မ်းချုပ်တတ်ရင် ဒိန်ချဉ်ကလွဲလို့ တစ်ခြားနို့ထွက်ပစ္စည်းတွေကိုရှောင်သင့်ပါတယ်။ဒိန်ချဉ်မှာက Bifidobacterium longum ၊ Bifidobacterium animalis ဓာတ်တွေပါဝင်တာကြောင့် ဒိန်ချဉ်သောက်ပေးတာက ၀မ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။တစ်ရက်ခြားတစ်ခါ၊နှစ်ရက်ခြားတစ်ခါလောက် ဒိန်ချဉ်သောက်သုံးပေးသင့်ပါတယ်။

364 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.