လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပြီဖြစ်တဲ့ Wang Ji Hye

မင်းသမီးလေး Wang Ji Hye ကတော့ ဒီလထဲမှာပဲ လက်ထပ်တော့မယ်လို့ အသိပေးကြေညာ
လိုက်ပါပြီ။ ဒီကနေ့ စက်တင်ဘာ ၁၆ရက်နေ့ Wang Ji Hye အေဂျင်စီ J Company ရဲ့
story မှာ လာမယ့် (၂၉)ရက်နေ့ မင်းသမီး မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်း တင်ထားခဲ့တာ
ဖြစ်ပါတယ်။

Related image

” ဟဲလို.. J Company ကပါ.. ကျွန်တော်တို့အေဂျင်စီရဲ့မင်းသမီး Wang Ji Hye တစ်ယောက်
မင်္ဂလာပွဲလေးကျင်းပတော့မယ်ဆိုတာ ပရိသတ်တွေကို တရားဝင်အသိပေးတာဖြစ်ပါတယ်…
စက်တင်ဘာ ၂၉ရက်နေ့ ဆိုးလ်မြို့ က ခန်းမကြီးတစ်ခုမှာ သူမချစ်တဲ့အမျိုးသားနဲ့ ထိမ်းမြား
လက်ထပ်တော့မှာပါ။

Image result for Wang Ji Hye

လက်ထပ်မယ့်အမျိုးသားကတော့ နာမည်ကြီးသူတွေထဲက မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က သူတို့
ချစ်ခဲ့ကြပြီး အခုတော့ ရွှေလက်တွဲဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကို
မိသားစုနဲ့ ရင်းနှီးရာသူငယ်ချင်းတွေပဲ ဖိတ်ပြီး အကျဉ်းရုံးကျင်းပသွားမှာဖြစ်ပါတယ်။
Wang Ji Hye ကို ချစ်တဲ့ ပရိတ်သတ်တွေ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ Wang Ji Hye အတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားပါဦး… ကျေးဇူးတင်ပါတယ်… ”

Related image

Congratulations to Wang Ji Hye!

146 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.