နာမည်ကျော် Gucci ရဲ့ Global Ambassador ဖြစ်လာတဲ့ EXO အဖွဲ့ဝင် Kai

EXO အဖွဲ့ဝင် Kai ဟာ ကမ္ဘာကျော်ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Gucci ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့သိရပါတယ်။ဒါကြောင့်ပဲ Kai ဟာ Gucci ရဲ့ Global Ambassador အဖြစ်သတ်မှတ်ခံရတဲ့ ပထမဆုံးကိုရီးယားအနုပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Gucci ရဲ့ Creative Director တစ်ယောက်ဖြစ်တဲ့ Alessandro Michele ရဲ့အဆိုအရ အမျိုးသား Global Ambassador အဖြစ် Kai ကိုရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပြီး တရုတ်မင်းသမီး Ni Ni ကို အမျိုးသမီး Ambassador အဖြစ်ရွေးချယ်ခဲ့ကြောင်းသိရပါတယ်။

Kai ဟာ ၂၀၁၈ ခုနှစ် မေလမှာ Gucci ပွဲကို ပထမဆုံးတက်ရောက်ခဲ့တာဖြစ်ပါတယ်။အခု ၂၀၁၉ မှာတော့ သူဟာ Gucci ရဲ့ Global Ambassador တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

မကြာသေးခင်ကလည်း Kai ဟာ 2019 Autumn/Winter eyewear campaign
အတွက်မော်ဒယ်လ်လုပ်ပေးခဲ့ပါသေးတယ်။

အခုလို ကမ္ဘာကျော် Brand တစ်ခုရဲ့ Global Ambassador အဖြစ် Kai ကိုသတ်မှတ်ခန့်အပ်ခဲ့တာဟာ ကိုရီးယားအနုပညာရှင်တွေအတွက်ရော EXO ပရိသတ်တွေအတွက်ပါ ၀မ်းသာဂုဏ်ယူစရာသတင်းကောင်းတစ်ခုပါပဲ။Kai ရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက်
ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Koreaboo

152 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.