“ငါးဖြစ်ချင်တယ်။” သင့်ကို ငါးတစ်ကောင်အဖြစ် ပြောင်းပေးမယ့် ဂျိမ်းစ်ဘွန်း ကိရိယာလေး

triton.jpg

 

လူတိုင်းလိုချင်နေကြတဲ့ ဂျိမ်းစ်ဘွန်း ကိရိယာလေး ပေါ်လာပါပြီ။ စပိုင် ကိရိယာတွေကို ရူးသွပ်တဲ့ တောင်ကိုရီးယား ဒီဇိုင်နာတစ်ယောက်ဟာ အသုံးပြုသူကို လူတစ်ပိုင်း ငါးတစ်ပိုင်း အဖြစ်ပြောင်းလဲ အရန်သင့်ပြောင်းလဲပေးနိုင်တဲ့ ကိရိယာကို တီထွင်ဖို့ အကြံရခဲ့ပါတယ်။ Triton လို့ နာမည်ပေးထားပါတယ်။

ဒီကိရိယာမှာ ဘေးဘက်ကို ပြန့်ကားနေပြီး ငါးပါးဟက်လို အလုပ်လုပ်နိုင်တဲ့ တောင်ပံတွေပါပါတယ်။ အဲ့ဒီ့တောင်ပံတွေပေါ်မှာ ရေကိုစုပ်ယူဖို့ အပေါက်သေးသေးလေးတွေ လည်းပါပါတယ်။ ကိရိယာထဲက အခန်းတွေမှာ အောက်စီဂျင်ကို ခွဲထုတ်ပေးပြီး ရေကိုပြန်ထုတ်ပေးပါလိမ့်မယ်။ အလွန်သေးငယ်ပြီး အားကောင်းလွန်းတဲ့ ကွန်ပရက်ဆာတွေရဲ့အစွမ်းနဲ့ အောက်စီဂျင်ကို ဖိသိပ်ပြီး သိုလှောင်ဘူးမှာသိုလှောင် ပေးမှာပါ။ ဒါ့ကြောင့် အသုံးပြုသူဟာ ရေအောက် ရေကူးနေတုန်းမှာ ဆက်တိုက် အသက်ရှူနိုင်မယ်လို့ သိရပါတယ်။

ကိရိယာတစ်ခုလုံးကို မိုက်ခရိုဘက်ထရီနဲ့ ပံ့ပိုးပေးထားပြီး လက်ရှိဘက်ထရီထက် အဆ၃၀ ပိုသေးပါတယ်။ အားပြန်သွင်းရာမှာလည်း အဆ ၁၀၀၀ ပိုမြန်ပါတယ်။ Triton ကို ထုတ်ကုန်တစ်ခုအနေနဲ့ မှာယူဖို့တော့ ခဏစောင့်ရဦးမယ်လို့ သိရပါတယ်။

Ref:dailymail

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.