ဗိုက်ခဏခဏဆာနေတာ ဘာကြောင့်လဲ…

ထမင်းစားပြီး မကြာသေးဘူး။ ဗိုက်က ဆာလာပြန်ပြီ။ အိမ်ကထည့်လာတဲ့ ထမင်းမလောက်လို့
အပြင်မှာ ခဏခဏ ဝယ်စားနေရပြီလား။ ဆာနေတာကို မြိုသိပ်ပြီးနေရင် အစာအိမ်ဖြစ်မှာလည်းစိုးရိမ်တာကိုး။ ဟုတ်ပါပြီ။ ဒါပေမယ့် စားပြီးအချိန်မကြာခင်မှာပဲ ထပ်ဆာနေတဲ့စိတ်ဖြစ်နေတယ်ဆိုရင်တော့ ဒါလေးကို သတိထားသင့်ပါတယ်။

ပရိုတိန်းဓာတ်လုံလောက်မှုမရှိခြင်း

Image result for Eating Enough Protein
သင်စားသောက်နေတဲ့ အစားစာတွေထဲမှာ ပရိုတိန်းဓာတ်ပြည့်ဝစွာ မပါတဲ့အခါ ထပ်မံဆာလောင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ပရိုတိန်းဓာတ်ပါဝင်တဲ့အစားစာတွေက အသား၊ ငါး ၊ ကြက်ဥ တို့ကို မျှတစွာ စားပေးဖို့လိုပါတယ်။ ဒါဆို ဗိုက်ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်လိမ့်မယ်။

အိပ်ရေးမဝခြင်း

Image result for not sleeping

အိပ်ရေးဝဖို့ဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးပါပဲ။ကျန်းမာရေးကောင်းဖို့ အိပ်ရေးဝဝ
အိပ်ဖို့ လိုကို လိုအပ်ပါတယ်။ အိပ်ရေးပျက်တာတွေများတဲ့အခါ သင့်ကိုအစားစားချင်စိတ်ကို
ပိုဖြစ်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ Ghrelin Levels မြင့်လာတာကြောင့် ဆာလောင်မှုကို
လည်း ပြန်လည်ခံစားရစေပါတယ်။

သရေစာစားလွန်းခြင်း

Image result for Refined Carbs

ထမင်းစားခြင်းမှာ အခြားမုန့်တွေ ၊ သရေစာတွေလျှောက်စားမယ်ဆိုရင် သင့်ကိုဗိုက်ခဏခဏ
ဆာစေမှာ အမှန်ပါပဲ။ ထမင်းစားချိန် ထမင်းကိုသာ ဝဝလင်လင်စားဖို့ အကြံပေးချင်ပါတယ်။
အချို့ကျတော့ ထမင်းမဟုတ်ပဲ ခေါက်ဆွဲ ၊ ကြာဇံတို့စားလိုက်ရင် တင်းတိမ်သွားတတ်ကြပါတယ်။ ကိုယ်က အဲ့လိုမဟုတ်ရင်တော့ ထမင်းကိုသာ ဝအောင်စားပါလေ။ ဘာလို့ဆို ထမင်းမဟုတ်ရင်အခြားအရာတွေနဲ့လည်း သင်စားပြီး တင်းတိမ်နိုင်မှာ မဟုတ်ပါဘူး ။

သဘာဝမကျတဲ့ ဝိတ်ချမှု

Image result for diet
ဝိတ်တွေမတရားချချင်လို့ အစားတွေအကုန်အငတ်ခံနေလား။ ဝိတ်ချနေလည်း သင့်ကိုအားဖြစ်
စေမယ့် သင့်တင့်မျှတတဲ့အစားစာကို စားပေးသင့်ပါတယ်။ အစားစာတိုင်းဟာ အဆီတက်စေတာမဟုတ်သလို အဆီတိုင်းမှာာလည်း ကောင်းတာ ၊ ဆိုးတာဆိုပြီး သပ်သပ်ရှိပြီးသားပါ။
ဒါကြောင့် ဝိတ်ချတယ်ဆိုပြီး အစားသောက်အားလုံးကိုရှောင်နေစရာမလိုပါဘူး။

အခုပြောသွားတဲ့အချက်လေးတွေကို တစ်ချက်ပြန်ကြည့်မယ်ဆိုရင် အမြဲတမ်း ဗိုက်ဆာနေတာကြီးပျောက်ဆုံးသွားမယ်လို့ မျှော်လင့်ပါတယ်။

199 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.