ထီးမပါလာတဲ့နေ့တွေမှာ မိုးရေမိခဲ့မယ်ဆိုရင် …

ဒီရက်ပိုင်း မိုးတွေလည်း အရမ်းကောင်းနေတော့ ထီးဆိုတာ မပါမဖြစ်ပါပဲ။ ဒါပေမယ့်
အိမ်ကနေ ရေကြီးသုတ်ပြာထွက်လာလို့ ထီးယူလာဖို့ မေ့ခဲ့တယ်ဆိုတဲ့နေ့မှ မိုးကလည်း တအား
ကောင်းနေတဲ့အခါ မိုးရေထဲ ဖြစ်ချင်တာဖြစ်ဆိုပြီး မပြန်သွားလိုက်ပါနဲ့ ။

Image result for rainy season

တကယ်လို့ မိုးရေထိသွားခဲ့မယ်ဆိုရင်လည်း အိမ်ရောက်တာနဲ့ ကိုယ်လက်သန့်စင်ပြီး
နွေးနွေးထွေးထွေးနေပါ။ မိုးရေထိပြီး ကိုယ်လက်တွေ ကိုက်ခဲလာပြီဆိုတာနဲ့ ဆေးသောက်ဖို့
မကြောက်ပါနဲ့။ စစဖြစ်ချင်းဆို သိပ်မခံစားရပေမယ့် ရောဂါကိုမွေးထားမိရင် တုပ်ကွေးဖြစ်နိုင်ပါ
တယ်။ ဆင်တုပ်ကွေးဖြစ်ရင်တော့ ဝေဒနာခံစားရမှာ မလွယ်ပါဘူးနော်။

Related image

ဒါကြောင့် ရောဂါသေးနေတုန်း ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်ပါ။ ဖြစ်ချင်နေပြီဆိုတာ
သိတာနဲ့ ဆေးခန်းပြပါ။ ဆေးထိုးသင့်ရင် ထိုးပါ။ ရုံးပျက်လို့ မဖြစ်ဘူးဆိုရင် ရောဂါအမြန်ဆုံး
ပျောက်အောင် အမြစ်ဖြတ်ရပါမယ်။

နောက်ပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းမှ
တော်ရုံ ရောဂါတွေဟာ ခန္ဓာကိုယ်ထဲမဝင်နိုင်မှာပါ။ ကိုယ်ခံအားကောင်းစေမယ့် အစားစာတွေ
မပြတ် စားသုံးပေးမယ်ဆိုရင်လည်း သင့်အတွက် ခံနိုင်ရည်ရှိစေမှာအမှန်ပါပဲ။

Image result for eating

ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်မှုလေးတွေ လုပ်ထားသင့်သလို ဖြစ်လာခဲ့ပြီဆိုရင်လည်း
ရောဂါမကြီးအောင် သေချာကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ပါတယ်။

53 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.