ပရိသတ်တစ်ချို့ရဲ့ ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရတဲ့ မင်းသမီး Song Hye Kyo

ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာ ပရိသတ်အချစ်ခံရသလောက် ဝေဖန်မှုတွေလည်းခံရတဲ့မင်းသမီးဖြစ်တယ်ဆိုတာ သူမကို အစကတည်းက အားပေးလာတဲ့ပရိသတ်တွေဆိုရင်သိကြမှာပါ။အထူးသဖြင့် အချစ်ရေး၊အိမ်ထောင်ရေးနဲ့
ပတ်သက်ရင် ဝေဖန်ခံရတာများပါတယ်။အခုလတ်တလောမှာလည်း သူမကို ပရိသတ်တစ်ချို့က အဆိုးမြင်ဝေဖန်ထားကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က မင်းသမီး Song Hye Kyo ဟာ နယူးယော့ခ်မှာကျင်းပတဲ့ 2020 Spring Summer Fashion week ကို တက်ရောက်ခဲ့ပါတယ်။ရိုးရိုးရှင်းရှင်းအဖြူရောင်ဝတ်စုံလေးရယ်၊မိတ်ကပ်ခပ်ပါးပါးရယ်သာ ပြင်ဆင်ခဲ့တဲ့ သူမရဲ့ဓာတ်ပုံတွေ၊ဗီဒီယိုတွေဟာလည်း အင်တာနက်တစ်ခွင်ပျံ့နှံ့ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ပရိသတ်တစ်ချို့က သူမကို“ကွာရှင်းပြီးနောက်ပိုင်း အရင်လိုမလှတော့ဘူး  သူမကို အခုနောက်ပိုင်းမကြိုက်တော့ဘူး  အဒေါ်ကြီးနဲ့တူတယ်  သူမရဲ့နောက်ထပ်အမျိုးသားက ဘယ်သူဖြစ်မလဲ သိချင်မိတယ် အရင်နဲ့မတူတော့ဘူး Song Joong Ki က ပိုနုလာပြီး သူမကိုကြည့်ရတာ ပိုရင့်လာသလိုပဲ”စတဲ့ ဝေဖန်တိုက်ခိုက်တဲ့စာသားတွေအများကြီးရေးသားခဲ့ကြတယ်လို့သိရပါတယ်။

ပရိသတ်တွေသိပြီးသားဖြစ်တဲ့အတိုင်း သူမဟာ မင်းသား Song Joong Ki နဲ့ တရားဝင်
ကွာရှင်းပြတ်စဲပြီးပါပြီ။ကွာရှင်းပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေစိတ်ပူမှာစိုးလို့ အမြဲတမ်းလှပတဲ့ပုံစံကိုသာပြသခဲ့သူဖြစ်ပါတယ်။ပွဲအခမ်းအနားတွေတက်တယ်။ကြော်ငြာတွေရိုက်တယ်စသဖြင့်သူမရဲ့ အနုပညာအလုပ်ကို မထိခိုက်အောင် သူမအနေနဲ့အကောင်းဆုံးကြိုးစားနေနေသူ
ဖြစ်ပါတယ်။ဒါကို ပရိသတ်တစ်ချို့က အမြင်မကြည်လင်ပဲ အခုလိုဝေဖန်တိုက်ခိုက်တဲ့စာသားတွေရေးသားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူမကိုချစ်တဲ့ပရိသတ်တွေကတော့ အမြဲတမ်းအားပေးနေဆဲပါ။Song Hye Kyo ကိုချစ်တဲ့ပရိသတ်ကြီးအတွက် သူမရဲ့ နယူးယော့ခ်ကပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Allkpop/jazminemedia

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.