သူငယ်ချင်းများများစားစားရှာဖွေလေ ပိုပြီးအထီးကျန်လေ…

လူတစ်ချို့က တစ်ယောက်တည်းမဖြစ်ချင်တဲ့စိတ်နဲ့ သူငယ်ချင်းအပေါင်းအသင်းများများစားစားရှာဖွေကြတယ်။သူငယ်ချင်းတွေအများကြီးထားကြတယ်။ဒါပေမဲ့ဒီလိုမျိုးသူငယ်ချင်းတွေအများကြီးရှိရုံနဲ့ အထီးကျန်တဲ့စိတ်က ပြေပျောက်သွားတာမျိုးမဟုတ်ပါဘူး။ကိုယ့်ဘေးနားမှာရှိနေတဲ့သူတွေနဲ့ရင်ဘတ်ချင်းအချိတ်အဆက်မိမှသာ အထီးကျန်တဲ့စိတ်ပြေလျော့မှာဖြစ်ပါတယ်။ပြီးတော့ တစ်ယောက်တည်းရှိလို့ အထီးကျန်တာနဲ့စိတ်က အထီးကျန်နေတာမတူပါဘူး။ဘယ်လောက်ပဲလူတွေဘေးနားရှိရှိ ကိုယ်နဲ့ရင်ဘတ်ချင်းမတူရင် စိတ်က ပိုပြီးတော့တောင်အထီးကျန်သလိုခံစားရနိုင်ပါတယ်။

ကိုယ်က အထီးကျန်တယ်ဆိုပြီး လူအသစ်တွေနဲ့တွေ့တယ်။သူတို့နဲ့ပိုပြီးစကားပြောဆက်ဆံဖြစ်တယ်ဆိုပါတော့။ဒါပေမဲ့ အဲ့ဒီလူတွေနဲ့ သဟဇာတမဖြစ်တဲ့အခါမှာ သူတို့က သင့်ကိုပိုပြီးအထီးကျန်စေပါလိမ့်မယ်။ဒါကြောင့်ပဲ တစ်ချို့က မိတ်ဆွေအပေါင်းအသင်းများများစားစားထက်
တကယ်ရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းအနည်းငယ်ကိုပိုပြီးလိုလားကြတာပါ။ဘေးနားမှာရှိနေတဲ့အယောက် ၁၀၀ ထက် ကိုယ့်အပေါ်တကယ်ချစ်ခင်တဲ့သူတစ်ယောက်လောက်ရှိရင်ကို
ဘ၀မှာ နေထိုင်ရတာပျော်ရွှင်ရတယ်မဟုတ်လား…။

တစ်ယောက်ယောက်နဲ့တကယ်ခင်မင်မိပြီဆိုရင် တစ်ယောက်ကိုတစ်ယောက်လည်း ယုံကြည်မှုပိုရှိလာပြီး သူကိုယ့်ကိုတကယ်ခင်တယ်။တကယ်ချစ်တယ်ဆိုတာ စိတ်မှာခံစားလာရပါတယ်။အဲ့ဒီအခါ အဲ့ဒီယုံကြည်မှု၊ခံစားချက်က စိတ်ကိုနွေးထွေးသွားစေပါတယ်။ဒါကြောင့်ဘေးနားမှာ သူငယ်ချင်းတစ်ယောက်ပဲရှိတယ်ဆိုရင်တောင် အထီးကျန်စိတ်မခံစားရပါဘူး။

သင့်အပေါ်တကယ်ခင်မင်တဲ့သူငယ်ချင်းတွေဟာ သင်နဲ့အနေနီးနီး ဝေးဝေး သင့်ကိုပျော်ရွှင်စေတယ်။ရင့်ကျက်စေတယ်။သင့်စိတ်ကိုနွေးထွေးစေပါတယ်။ဒါကြောင့်ကိုယ့်ဘေးနားမှာ သူငယ်ချင်းအများကြီးရှိနေတာထက် ကိုယ့်အပေါ်တကယ်ချစ်ခင်သူအနည်းအကျဉ်းကိုဖမ်းဆုပ်ထားနိုင်ဖို့လိုပါတယ်။

စာဖတ်ပရိသတ်ကြီးရော စစ်မှန်တဲ့သူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားရပြီလား?

62 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.