လုပ်ငန်းခွင်အသစ်ကို ပြောင်းတော့မဲ့သူတိုင်းသိထားသင့်တဲ့အရာ…
Smiling businesswoman with arms crossed
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်းပဲ  ကိုယ်ကောင်းမယ်ထင်လို့ ရွေးချယ်ခဲ့တဲ့လမ်းမှာ နောင်တ တွေမရှိအောင်ကြိုးစားနိုင်ကြပါစေ…
Unicode
လက်ရှိလုပ်ငန်းခွင်ကနေစွန့်ခွာပြီး နောက်ထပ်လုပ်ငန်းခွင်အသစ်ကို သင်ပြောင်းတော့မယ်ဆိုရင် ဒီလိုအရာတွေကို ကြိုတွေးပြီးပြင်ဆင်ထားဖို့တော့လိုပါလိမ့်မယ်။ ကိုယ်ကကျွမ်းကျင်ပြီး ကိုယ်နဲ့ ပိုအဆင်ပြေမယ်လို့ထင်ရတဲ့ နေရာကိုပြောင်းပင်မဲ့ လည်းမထင်မှတ်ထားတဲ့အခက်ခဲတွေများစ ွာရှိလာနိုင်တာမလို့ ကိုယ့်ဘက်က နေတတ်နိုင်သလောက်တာ့ ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။
လုပ်ငန်းခွင်တစ်ခုနဲ့တစ်ခုကူးပြောင်းတယ်ဆိုတာ တစ်ခါတစ်လေမှာတော့မှန်ကန်နိုင်ပင်မဲ့ တစ်ခါတစ်လေလည်းကိုယ်ထင်ထားတာထပ်ကို ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒါဆို လုပ်ငန်းခွင်တစ်ခုကိုကူးပြောင်းတော့မယ်ဆိုရင် ဘယ်လိုအရာလေးတွေကို ကိုယ့်ဘက်က တတ်နိုင်သေလာက်ကြိုပြင်ဆင်ထားသင့်သလဲ?
(၁) အသစ်ပြောင်းမဲ့အလုပ်မှာကိုယ်လုပ်ရမဲ့တာဝန်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ကိုယ်ဘယ်အပိုင်းကို ကိုင်ရမယ်ဆိုတာကို အရှင်းဆုံးသိအောင်ကြိုးစားပြီး ကိုယ်လေ့လာစရာရှိတာတွေကို ကြိုတင်လေ့လာထားဖို့လိုပါတယ်။
(၂) လူတိုင်းနဲ့ ပေါင်းတတ်အောင် ကြိုးစားပါ။ အရင်အလုပ်မှာ နှစ်တေ ွကြာလာလို့ အရင်အလုပ်က လူတွေနဲ့ပဲ ပေါင်းသင်းတတ်တယ်ဆိုတဲ့ စိတ်မျိုးထားလို့ တော့မဖြစ်ပါဘူး။ ရောက်ရာအရပ်မှာ လူပေါင်းစုံနဲ့ ထိုက်သင့်သလောက်ပေါင်းသင်းပြောဆိုတတ်ဖို့လိုပါတယ်။
(၃) နာခံ တတ်အောင်ပြင်ဆင်ထားပါ။ ကိုယ်က ကိုယ်နဲ့စိမ်းတဲ့ နယ်ပယ်ကို ရောက်သွားမဲ့သူပါ။ အလုပ်က ကိုယ်မစိမ်းပင်မဲ့ ကိုယ်ပတ်သတ်ရမဲ့သူနဲ့ကိုယ်တာဝန်ယူရမဲ့အပိုင်းက အခုမှ နေရာအသစ်မှာဖြစ်လို့ ကိုယ့်ထက် ရာထူးကြီးကြီး ရာထူးငယ်ငယ် ဘယ်သူကပဲ လမ်းညွှန်းပေးပေးနာခံတတ်ပြီးမှတ်သားတတ်ဖို့လိုပါတယ်။
(၄) ဝန်ထမ်းကောင်းဖြစ်အောင်ကြိုးစားပါ
အစကောင်းမှအနှောင်းသေ ချာဆိုသလို စဝင်ကတည်းက ဝန်ထမ်းကောင်းဖြစ်အောင်ကြိုးစားနေထိုင်ဖို့လိုပါတယ်။ အစတည်းကကိုယ့်ကို သူတို့စိတ်ထဲ တာဝန်သိဝန်ထမ်းလို့အသိမှတ်ပြုမှ ကိုယ့်အ ပေါ်ယုံကြည်မှုရှိပြီး အလုပ်လုပ်ရတာ ပိုပြီး လွတ်လပ်ပျော်ရွှင်သလို ခံစားရမှာပါ။
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်းပဲ  ကိုယ်ကောင်းမယ်ထင်လို့ ရွေးချယ်ခဲ့တဲ့လမ်းမှာ နောင်တ တေ ွမရှိအောင်ကြိုးစားနိုင်ကြပါစေ…
69 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.