Inception ရုပ်ရှင်ထဲကလို အိပ်မက်တွေကို လက်တွေ့ဘ၀မှာ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ Aurora လို့ခေါ်တဲ့ ၁၇၅ဒေါ်လာတန် ခေါင်းပတ်လေးကို တပ်ပြီး အိပ်ရုံပါပဲ။ Aurora စမတ်ခေါင်းပတ်မှာ ပါတဲ့ အလင်းနဲ့အသံတွေက ၀တ်ဆင်ထားသူရဲ့ အိပ်မက်တွေကို စိုးမိုးပါလိမ့်မယ်လို့ တီထွင်သူတွေက ပြောပါတယ်။
ဒီခေါင်းပတ်ထဲမှာပါတဲ့ ဆော့ဖ်ဝဲလ်ဟာ သင့်ရဲ့ဦးနှောက်လှိုင်းတွေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ နဲ့ မျက်လုံးလှုပ်ရှားမှုတွေက တဆင့်သင့်ရဲ့ အိပ်မက်တွေကို အာရုံခံနိုင်ပါတယ်။ သင်မအိပ်ခင်မှာ စက်ကို အစီအစဉ်ညွှန်ကြားထားလိုက်မယ်ဆိုရင် ကွက်ကွက်ကွင်းကွင်း အထင်းသားမြင်ရမယ့် အိပ်မက်တွေ မက်အောင် ဒီခေါင်းပတ်စက်လေးက လုပ်ပေးနိုင်ပါတယ်။
အာကာသထဲကို အနီးကပ်ရောက်သွားတာ၊ မီးနဂါးတွေနဲ့ တိုက်ခိုက်တာ၊ သမ္မတကြီးဖြစ်နေတာ စတာတွေကို သင့်ရဲ့ အိပ်ရာထဲတင် သက်တောင့်သက်သာ ဖြစ်နိုင်ပါပြီ။ Auroraခေါင်းပတ်လေးဟာ အနီ၊ အစိမ်း၊ အပြာ LED မီးလုံးတွေခတ်ပြီး သင်ရွေးချယ်ထားတဲ့ ဂီတနဲ့အတူ အလုပ်လုပ်ပေးမှာပါ။ သင်အိပ်ပျော်နေတုန်း သင့်ရဲ့ဦးနှောက်လှိုင်း၊ ခန္ဓာကိုယ်နဲ့ မျက်လုံးတွေရဲ့ လှုပ်ရှားမှုကို စက်က အာရုံခံမိပြီဆိုတာနဲ့ သင်ရွေးချယ်ထားတဲ့ သီချင်းနဲ့အတူ နီ၊စိမ်း၊ပြာ မီးရောင်အစဉ်တွဲတွေ ထုတ်လွှတ်ပေးတော့မှာဖြစ်ပါတယ်။
နီ၊စိမ်းပြာ မီးရောင်အစဉ်တွဲတွေက သင့်အိပ်မက်ပုံရိပ်တွေကို အဆက်အစပ်မိအောင် လုပ်ပေးမှာဖြစ်ပြီး အိပ်မက်မက်နေတယ်ဆိုတာကိုလည်း သိအောင်လုပ်ပေးမှာပါ။ “အိပ်မက်ဆိုတာသိသွားပြီဆိုတာနဲ့ ဖြစ်နိုင်ခြေတွေက အဆုံးအစမဲ့ပဲ။” လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီကပြောသွားပါတယ်။
Ref:dailymail