မနက်နိုးနိုးချင်း ရေတစ်ခွက်သောက်ပေးမယ်ဆိုရင် …

ရေများများသောက်ဖို့ အမြဲတမ်း လှုံ့ဆော်နေတာကို သိပြီးသားဖြစ်မှာပါ။ ဒီလောက်စာတွေ ၊
အသံတွေ မြင်တွေ့ကြားနေရတာတောင် ရေများများသောက်ဖို့ မေ့နေတတ်ကြပါတယ်။
အလုပ်များနေတဲ့အချိန်ဆို ပိုတောင်ဆိုးပါသေးတယ်။

Image result for drinking water

ဒါကြောင့် အခြားအချိန်တွေမသောက်ဖြစ်ရင်တောင် မနက်ပိုင်းလေးမှာ သတိထားပြီး သောက်
စေချင်ပါတယ်။ မနက်အိပ်ယာထထချင်းမှာ ရေတစ်ခွက်သောက်ပေးမယ်ဆိုရင် ဘယ်လိုထူးခြား
မှုတွေရလာမှာလဲ။

လုပ်ရတာ အရမ်းလွယ်သလောက် လူတိုင်းမလုပ်ဖြစ်ကြပါဘူး။
ရေတစ်ခွက်ကတော့ အခုမှစသောက်မယ့်လူတွေ ရအောင်သောက်ပေးသင့်ပါတယ်။
တစ်ခွက်လောက်ကို ကောင်းကောင်းသောက်နိုင်ပြီဆိုရင် ၂-၃ ခွက်လောက်ကို သောက်နိုင်အောင်
ကြိုးစားကြည့်ပါ။

Related image

မနက်မိုးလင်းလို့ ရေသောက်လိုက်တာနဲ့ ခန္ဓာကိုယ်မှာ ကုန်ဆုံးနေတဲ့ ရေဓာတ်တွေအလိုလို
ပြည့်ဝသွားပြီး သင့်ကိုလန်းဆန်းစေပါလိမ့်မယ်။ ပြီးတော့ ဝမ်းလည်းကောင်းကောင်းသွားစေမှာပါ။
ဝမ်းရှင်းသွားတဲ့အခါ ပိုပြီး နေလို့ကောင်းလာတယ်။ အခြား ကော်ဖီတို့ ၊လက်ဖက်ရည်တို့
သောက်မယ့်အစား စာရေးသူကတော့ ရေကိုပဲပိုအားပေးပါတယ်။

ရေဓာတ်ဟာ သွေးနီဆဲလ်တွေကို ပိုပြန့်ပွားစေပြီး အောက်ဆီဂျင်ဓာတ် ပြည့်ဝစေပါတယ်။
ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း အထောက်ကူပြုပေးတာကြောင့် အလုပ်လုပ်ရတာ
အရင်နေ့တွေကထက် ကောင်းမွန်နေတာကို တွေ့ရပါလိမ့်မယ်။

Image result for drinking water

ရေများများသောက်ပေးရင် ကိုယ်ခံအားကိုလည်း ကောင်းမွန်စေတာမို့ တော်ရုံမဖျားတော့ပါဘူး။
အစာမရှိတဲ့အချိန် ရေသောက်ပေးခြင်းက ပိုးမွှားတွေအကုန်လုံးကို ကင်းစင်စေပါတယ်။
ပျိုမေတို့အတွက် အကြိုက်တွေ့စေမယ့် အချက်ကတော့ ဝိတ်ကျစေတာပါပဲ။
ထမင်းမစားခင် ၁နာရီအလို ရေများများသောက်ပေးဖို့ ပြောတာတွေ ကြားဖူးမှာပါ။
ရေသောက်တာကလည်း ဗိုက်ကိုပြည့်စေတာမို့ အနည်းဆုံးတော့ အစားသောက်တွေ ပိုမစားမိ
တော့အောင် ထိန်းထားပေးနိုင်ပါတယ်။

Image result for drinking water

ဆံပင်လည်း အရှည်မြန်စေပါတယ်။ လုံလုံလောက်လောက် ရေသောက်ပေးမယ်ဆိုရင်
ကျန်းမာတဲ့ဆံနွယ်တွေကို ပိုင်ဆိုင်နိုင်မှာပါ။ ရေဟာ သင့်ဆံပင်အတွက် လိုအပ်နေတဲ့ ဗီတာမင်
ဓာတ်တွေကို ဖြည့်စွမ်းပေးပါတယ်။

ဒါကြောင့် မနက်တိုင်းရေကို ပုံမှန်သောက်ပေးမယ်ဆိုရင် ဒီလိုအကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မှာ
ဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.