ဒီလို သူငယ်ချင်းဆက်ဆံရေးတွေက သင့်အတွက် အဆိပ်တောက်သာဖြစ်စေမှာပါ…

ကြာကြာပေါင်းလေ လူတွေအကြောင်းသိလေပါပဲ။ အစပိုင်းလောက်မှာ သူငယ်ချင်းဖြစ်ရုံနဲ့
မိတ်ဆွေကောင်းလို့ သတ်မှတ်လို့မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လူ့စိတ်ဆိုတာ ပိုသိရတာ
သဘာဝပါပဲ။

Image result for Toxic Friendship

အချိန်ကပဲ ဘယ်သူက ဘယ်လိုလူမျိုးဆိုတာ အဖြေပေးသွားပါလိမ့်မယ်။
ဒါကြောင့်မို့ နောက်ကျောဓားနဲ့ထိုးတယ်ဆိုတာ ဖြစ်လာတာပေါ့။ တစ်ချို့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းလို့တောင် အမည်ခံဖို့ မတန်ပါဘူး။ ကိုယ်ကျရှုံးနေချိန်ဆို သူတို့ဟာ တိတ်တဆိတ်
ပျော်ရွှင်နေတတ်ကြတယ်။ သင်ရော.. ဒီလိုလူစားမျိုး ဖြစ်ခဲ့ဖူးလား.. ပြန်စဉ်းစားပါ။

တစ်ခါတစ်လေ ကိုယ်ဟာတစ်ခုခုအောင်မြင်သွားလို့ ဝမ်းသာတကြီးနဲ့ သွားပြောရင်
သူတို့က အသိမှတ်မပြုချင်သလိုမျိုး ၊ ဘာမှမဟုတ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကျယ်လုပ်နေသလို
မျိုး သင့်ကိုမျက်နှာအနေထားနဲ့ လုပ်ပြတာတွေ ကြုံဖူးလား။ ဒါတွေဟာ တကယ်ရှိပါတယ်။
စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်ဟာ မျက်နှာမှာ သိသိသာသာပေါ်လာတတ်ပါတယ်။

Related image

ဒီလိုလူမျိုး သူငယ်ချင်းလို့ မခေါ်ထိုက်ပါဘူး။ သူတို့အိမ်က ထွက်မရလို့ သင့်ကိုအကြောင်းပြ ၊
သင့်နာမည်သုံးပြီး အပြင်မှာ ပျော်ပါး ၊ သင့်နာမည်ဟာ သူတို့မိဘတွေစိတ်ထဲမှာတော့
လူဆိုးကြီး ဖြစ်နေတာကြာပေါ့။ မသိရင် ကိုယ်ကပဲ သူတို့သားသမီးကို ဖျက်ဆီးနေသလိုပုံစံမျိုး။
လူငယ်တွေအနေနဲ့ ဒီလိုမျိုးတွေ ကြုံတွေ့ကြရမှာ အသေချာပါပဲ။

တစ်ခါတစ်လေ ဒီလိုလူမျိုးတွေကြောင့် စိတ်ရှုပ်ရမှာပါ။ပြီးတော့ သူတို့တွေနဲ့ စကားပြောရတဲ့
အခါမှာလည်း သက်တောင့်သက်သာမရှိတာကို သင်ကိုယ်တိုင် သတိထားမှာပါ။
အခြေအနေအားလုံးကို မပြောပြချင်တော့ပဲ သူ့ကို တစ်ခုခုပြောဖို့ ထိမ်ချန်ထားပါလိမ့်မယ်။

Related image

ဒါတွေဟာ အချိန်ကပြောပြသွားတဲ့ လူအမျိုးအစားတွေပါပဲ။ ဒီလိုလူမျိုးတွေကို သူငယ်ချင်းဆိုပြီး
အောင့်အီးသည်းခံပြီး ပေါင်းနေစရာမလိုပါဘူး။ အဆိပ်တောက်အဖြစ်ခံမယ့်အစား
ကိုယ့်ဘာသာ တစ်ယောက်တည်း စိတ်ပေါ့ပါးလွတ်လပ်စွာ နေထိုင်လိုက်ပါ…

87 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.