ရုပ်ချောချောကောင်လေးတွေကိုကြည့်တာဟာ ဥာဏ်ပိုကောင်းလာစေ…

အမျိုးသမီးလေးတို့သိဖို့…

ရုပ်ရည်ချောမောကြည့်ကောင်းတဲ့အမျိုးသားတွေကို ကြည့်တာဟာ ဥာဏ်ပိုကောင်းလာစေတယ်လို့
KBS ရဲ့  Discoveries in Life အစီအစဉ်ကနေ ဖော်ပြလာခဲ့ပါတယ်။

သက်လတ်ပိုင်းအမျိုးသမီးတွေကို အချိန် ၁မိနစ်အတွင်း မှတ်စရာနာမည်တွေအများကြီးပြောပြခဲ့ပြီး သူတို့ကို ရုပ်ချောတဲ့အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံကိုပြသခဲ့ပါတယ်။အဲ့ဒီနောက် မှတ်ခိုင်းထားတဲ့နာမည်တွေကိုပြန်ပြောခိုင်းကြည့်ရာ ၄ ယောက်မှာ ၂ ယောက်က ပိုပြီးအဖြေမှန်ဖြေဆိုနိုင်စွမ်း
ရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီလေ့လာချက်အရ ရုပ်ရည်ချောမောကြည့်ကောင်းတဲ့အမျိုးသားတွေကိုကြည့်နေချိန်မှာ သူတို့ရဲ့ဦးနှောက်လုပ်ဆောင်ပုံဟာပုံမှန်အချိန်ထက် ပိုပြီးလှုပ်ရှားလုပ်ဆောင်တယ်လို့ တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့အဆိုအရလည်း ရုပ်ချောချောကောင်လေးတွေကိုကြည့်တာဟာ ဦးနှောက်အတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရစေနိုင်ကြောင်းသိရပါတယ်။

ဒါဖြင့် ရုပ်ရည်ချောမောတဲ့အမျိုးသမီးလေးတွေကို အမျိုးသားတွေက ကြည့်တဲ့အခါမှာရော အကျိုးသက်ရောက်မှုမရှိဘူးလား?
လေ့လာထားချက်တွေအရ ယောက်ျားလေးတွေမှာတော့ ဦးနှောက်မှတ်ဥာဏ်နဲ့သက်ဆိုင်တဲ့တိုးတက်မှုတွေ မတွေ့ခဲ့ရပါဘူးလို့သိရပါတယ်။

Source:Koreaboo

883 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.