သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နေတဲ့ မင်းသား Park Seo Joon

တောင်ကိုရီးယားမင်းသား Park Seo Joon ဟာ အခုလတ်တလောမှာဆိုရင် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နေတယ်လို့သိရပါတယ်။

သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေကတော့ ပရိသတ်တွေသိပြီးသားဖြစ်ကြမှာပါ။BTS အဖွဲ့ဝင် V ရယ် မင်းသား Choi Woo Sik ရယ် Peakboy ရယ်ပဲဖြစ်ပါတယ်။သူတို့တွေ အတူတူရှိနေကြတဲ့ပုံရိပ်တွေဟာလည်း မကြာခဏဆိုသလို အင်တာနက်မှာပျံ့နှံ့လာခဲ့ဖူးပါတယ်။အခုလည်း သူငယ်ချင်းတွေအုပ်စုလိုက် ပင်လယ်ထဲခရီးထွက်လာခဲ့ကြတာပါ။

ရွက်လှေပေါ်မှာ အသားကင်တွေစားလိုက်၊ဓာတ်ပုံတွေရိုက်လိုက်နဲ့ ပျော်နေကြတဲ့ပုံရိပ်တွေကို BTS အဖွဲ့ဝင် V က သူ့ရဲ့တွစ်တာပေါ်မှာတင်ပေးခဲ့ပါတယ်။စစ်မှုထမ်းနေတဲ့ ZE:A အဖွဲ့ဝင် Hyungsik ကိုလည်း photoshop နဲ့ထည့်သွင်းထားပါသေးတယ်။

မင်းသား Park Seo Joon ၊V နဲ့ Hyungsik ဟာ “Hwarang” ဇာတ်လမ်းတွဲရိုက်ကူးရင်းခင်မင်လာခဲ့ကြတာဖြစ်ပါတယ်။ပျော်ရွှင်နေကြတဲ့သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Allkpop

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.