၁၉၁၆ နဲ့ယနေ့ခေတ်ကာလ Manhattan, New York မြို့ကမြင်ကွင်းတွေပါပါတယ်။ Peter Lake ဟာအိမ်ဖေါက်တဲ့သူခိုးတစ်ယောက်ဖြစ်ပြီး သူဖေါက်ထွင်းတဲ့အိမ်တစ်အိမ်က Beverly Penn နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Beverly Penn ဟာ တီဘီရောဂါနဲ့ သေလုမျောပါးဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ Lake ကို Irish gangster ကြီး Pearly Soames ရဲ့ရန်ကနေ Athansor အမည်ရတဲ့ ဒဏ္ဍာရီဆန်ဆန်မြင်းဖြူတစ်ကောင်က ကယ်တင်သွားတာဖြစ်ပါတယ်။
Winter’s Tale ဟာ ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်ဒရာမာဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Akiva Goldsman ပါ။ သရုပ်ဆောင်တွေအဖြစ် Colin Farrell, Jessica Brown Findlay, Russell Crowe တို့ပါဝင်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက် US မှာထွက်မှာဖြစ်ပါတယ်။
Ref:imdb, wikipedia
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။