အမျိုးသားများဖြစ်တတ်တဲ့ အခက်အခဲတွေ

depression.jpg

ကျွန်ုပ်တို့မှာ ကြီးမားတဲ့ အနေအထားတစ်ခုနဲ့ အံ့သြဖွယ်ကောင်းတဲ့ အလုပ်လည်းရှိတယ်။ ပြီးတော့ အရမ်းမိုက်တဲ့ ကောင်မလေးနဲ့ လှပတဲ့ သူငယ်ချင်းဆက်ဆံရေး တွေလည်းပိုင်ဆိုင်ထားတယ်။ ပြဿနာတွေ ကိုလည်း ၀ါရင့်သမ္ဘာရင့်တစ်ယောက်လို ဖြေရှင်းနိုင်ပြီး အမျိုးသမီးတွေကိုလည်း ညှာတာ ထောက်ထား တတ်တယ်။ ဒါပေမယ့် ဒီလိုလူမျိုးက ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးပါဘူး။ ဘာလို့လဲဆို လောကမှာ ပြည့်စုံတဲ့ လူသားရယ်လို့ ရှိမှမရှိတာ။ အထူးသဖြင့် အမျိုးသားတွေမှာ သူတို့အမြဲတမ်း ကျွမ်းကျင်စွာ လုပ်ဆောင်လိုပြီး တကယ်တမ်းမှာတော့ မလုပ်နိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။

(၁)     ပျူငှာစွာ စကားပြောပေးဖို့

          ဘယ်တော့မဆို အမျိုးသမီးတွေနဲ့ အလ္လာပသလ္လာပ ပြောဖို့ ၀ိုင်းထိုင်မိလိုက်တိုင်း စကားဝိုင်းရဲ့ သားကောင်ဖြစ်ရတာပါပဲ။ သာမာန်နှုတ်ဆက်စကားလေး ပြောဖို့တောင် ကိုယ့်ကိုယ်ကို အနိုင်နိုင် အားထုတ်နေရသူတွေ အများကြီးရှိပါတယ်။ အမျိုးသားတွေဆန္ဒရှိတာတစ်ခုက ဒီလိုပညာရပ်မျိုးမှာ ဘယ်လို ဆရာဖြစ်အောင် လုပ်ရမလဲဆိုတာပေါ့။

(၂)     ရုပ်ရှင်တွေ စာအုပ်တွေထဲကအတိုင်း ကိုးကားပြောဆိုတတ်ဖို့    

  

          သင့်ကောင်မလေးကြိုက်တဲ့ ဇာတ်ကားထဲကလို ဇာတ်ကောင်းမင်းသားတော့ ဖြစ်ချင်သား။ ဒါပေမယ့်လည်း ဘယ်လို ကဗျာဆန်ပြီး စကားလုံးလှလှလေးတွေကို ဘယ်နေရာမှာ အသုံးချရမလဲ မသိဖြစ်နေ ပါလိမ့်မယ်။ သူမနဲ့တွေ့တဲ့အခါမှာတော့ ဇာတ်လိုက်ထဲက မင်းသားလေး ဖြစ်ရမယ့်အစား ငတုံးငအလေးသာ ဖြစ်လို့နေပါတယ်။

(၃)     လက်ဆောင်ပေးတတ်ဖို့

          သူမမွေးနေ့ဆို မေ့နေတတ်ပါလိမ့်မယ်။ အရမ်းအလုပ်များနေတာပဲ ဖြစ်ဖြစ် ၊ အလုပ်ထဲမှာ နစ်မြုပ်နေတာပဲ ဖြစ်ဖြစ် ၊ ဂိမ်းဆိုင်က မထနိုင်တာကြောင့်ပဲဖြစ်ဖြစ် သူမအတွက်လက်ဆောင်ဆိုတာ အမြဲမေ့နေ တတ်တဲ့အရာပါပဲ။ ဒီတော့ မွေးနေ့ဆိုရင် နီးစပ်ရာ ကိတ်မုန့်ဆိုင်က ကိတ်မုန့်လေးတစ်ခုဝယ်လို့ ကတိုက်ကရိုက် ကျင်းပပေးလိုက် ရတာမျိုးတွေချည်းပဲပေါ့။ ဒီလိုနေရာမျိုးမှာလည်း ကြိုတင် ပြင်ဆင်လိုတယ် မဟုတ်လား။

(၄)     ပိုက်ဆံစုဖို့

          ဒီခေါင်းစဉ်အောက် ရောက်တိုင်း တစ်ကိုယ်ရေအမျိုးသားတွေအဖို့ သက်ပျင်းချတတ်ကြတာ ချည်းပါပဲ။ အလုပ်ကနေ အိမ်ပြန်တိုင်း ဒီနေ့ညစာတော့ ကိုယ်တိုင်ချက်စားတော့မယ်လို့ စဉ်းစားလာပါလိမ့်မယ်။ အိမ်ပြန်ရောက်ရင်တော့ ဖုန်းလေးကောက်ကိုင်လို့ နီးစပ်ရာ ပီဇာဆိုင်က လှမ်းမှာလိုက်မိတာချည်းပါပဲ။ ဒီတစ်ပတ်ပိတ်ရက်တော့ ဘယ်မှမသွားတော့ဘူး ဆုံးဖြတ်လိုက်ပေမယ့် အချိန်တန်တော့လည်း ဘီယာဆိုင်ရောက် ရတာပါပဲ။ ဒီတော့ အပြောလေးတွေလျှော့ပြီး ပိုက်ဆံစစုတတ်ဖို့ ကြိုးစားရပါလိမ့်မယ်။

(၅)     ဆေးဖြစ်ဝါးဖြစ် ၀ီစကီသောက်ဖို့

          အမျိုးသားတွေအနေနဲ့ ဘီယာတွေ ၀ီစကီတွေနဲ့ ဝေးဝေးနေဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပေမယ့်လည်း မရပါဘူး။ ခွက်တစ်ခွက်ကိုင်လို့ တစ်ခွက်လောက်ပဲ သောက်မှာပါ။ တစ်ခွက်တော့တစ်ခွက်ပဲ။ ဒါပေမယ့် အဆက်မပြတ်ထည့်နေတဲ့ အဲ့တစ်ခွက်ကို အောက်ချလို့ကို မရတော့ပါဘူး။

          အရာရာ လုပ်နိုင်တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်မှာလည်း ဖော်ပြခဲ့တဲ့ အခက်အခဲလေးတွေတော့ ရှိတတ်ပါတယ်။ ဒီလိုမျိုး အမျိုးသားနဲ့တွေ့ရလို့ ခပ်ညံ့ညံ့လူတစ်ယောက်လို့တော့ မမြင်မိပါစေနဲ့။ ဒါက ယောက်ျားဆန်တဲ့ အမျိုးသားတိုင်း ဖြစ်လေ့ရှိတဲ့ အလေ့အထလေးတွေဖြစ်လို့ ချစ်စရာ အမှားလေးတွေပဲ ဖြစ်မှာပါ။

Ref:mensxp

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.