Google စာမျက်နှာပေါ်က အပြာရောင်ညမှာ ထိန်ထိန်သာနေတဲ့ လ ။

google.png

ဝမ်းနည်းအောက်မေ့ဖွယ်နေ့ ရက်တွေ၊ ဂုဏ်ပြုထိုက်တဲ့သူတွေ၊ ဂုဏ်ပြုထိုက်တဲ့အရာတွေ၊ အခါကြီးရက်မြတ်တွေကို ရံဖန်ရံခါ Google doodle မှာတွေ့ မြင်နေ ရပါတယ်။ သြဂုတ်လ ၂၂ရက်နေ့ ၊ ဒီနေ့ မှာတော့ Google doodle ပေါ်မှာ လမင်းအလင်းရောင်အောက်မှာ မြို့ ပြတွေရဲ့ အလှတွေကို ဖော်ကြူးထားပြီး နောက်ခံတေးဂီတပါတဲ့ animated video တစ်ခုကို တင်ထားတာတွေ့ ရပါတယ်။ အဓိကကတော့ နောက်ခံတေးဂီတကို သီကုံးတီးခတ်ခဲ့တဲ့ French တေးရေးဆရာ Achille-Claude Debussy ရဲ့  ၁၅၁နှစ်မြောက်မွေးနေ့ ကို Google က အမှတ်ရဂုဏ်ပြုခြင်းအထိမ်းအမှတ် ပြုလုပ်ပေးတာဖြစ်ပါတယ်။ Claude Debussy က အသက် ၅၅နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် သူ့ ရဲ့ အနုပညာလက်ရာတွေကတော့ အမြဲရှင်သန်နေခဲ့ပါတယ်။
ဒီတေးဂီတကို Google စာမျက်နှာမှာတွေ့ မြင်ခံစားနိုင်ပါတယ်။ http://www.youtube.com/watch?feature=player_embedded&v=Guijg1b-F5I မှာ လည်းသွားရောက် ကြည့်ရှုနိုင်ပါတယ်။

Image Source: Print Screened Google doodle

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.