သင်မထင်မှတ်ထားတဲ့ နေလောင်ခံခြင်း ဆိုးကျိုးများ

a923fa0a498d6bd5_tanning.jpg

နေပူစာလှုံခြင်း၊နေလောင်ခံခြင်းကို သင် နည်းနှစ်မျိုးနဲ့ ပြုလုပ်လို့ ရပါတယ်။ သဘာဝနေရောင်ခြည်ထဲမှာ နေပူစာလှုံတာနဲ့  အလှပြင်ခန်းမတွေက နေလောင်ခံအိပ်ရာတွေမှာ နေလောင်ခံခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ နေပူစာလှုံလို့ ရလာတဲ့ အသားအရေကို သင် ဂုဏ်ယူပါသလား။ သင် သတိမထားမိတဲ့ နေပူစာလှုံခြင်း ဆိုးကျိုးတွေ ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV) နဲ့ အချိန်အကြာကြီး ထိတွေ့ ခြင်းက သင့်ရဲ့ အရေပြား ဆဲလ်တွေကို ပျက်စီးစေပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနဲ့ မွဲခြောက်တဲ့အသားအရေ နဲ့ အရေပြားတွန့် ရွ စေပြီး သင့်ကို အကျည်းတန်စေပါတယ်။ ဒါတင်မကသေးဘူး နေလောင်ခံခြင်းက ကင်ဆာရောဂါလည်း ရနိုင်ပါတယ်။  နေပူစာလှုံတယ်ဆိုရာမှာ သဘာဝနေရောင်ခြည်နဲ့ ထိတွေ့ တာရှိသလို အလှပြင်ခန်းမတွေက နေပူစာလှုံတဲ့အိပ်ရာတွေကို အသုံးပြုတာလည်း ရှိပါတယ်။ အလှပြင်ခန်းမ Tanning Bed (နေလောင်ခံအိပ်ရာ) တွေဟာ အထဲမှာ ၀င်ရောက်အိပ်စက်တဲ့လူတွေကို ခရမ်းလွန်ရောင်ခြည် ထုတ်လွှင့်ပေးတဲ့ ကိရိယာဖြစ်ပြီး နေလောင်ခံ သလိုပဲ အကျိုးဖြစ်စေပါတယ်။

အသက် ၃၅ နှစ်မတိုင်မီ နေလောင်ခံတဲ့အိပ်ရာတွေကို အသုံးပြုမယ်ဆိုရင် Melanoma ကင်ဆာရောဂါ ဖြစ်နိုင်ချေကို နှစ်ဆမြင့်တက်စေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်အောက် လူငယ်တွေကို နေလောင်ခံအိပ်ရာတွေ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။

တစ်ချို့ လူတွေဟာ ဒီနေလောင်ခံအိပ်ရာတွေကို အသုံးပြုခြင်းအားဖြင့် သူတို့ ကို နေရောင်ခြည်မှာ ပါဝင်တဲ့ UV ရောင်ခြည်ကနေ ကာကွယ်နိုင်တဲ့ နေလောင်ခံအသားအရေ ရရှိမယ်လို့ တလွဲယူဆနေကြပါတယ်။ တကယ်တမ်းတော့ သူတို့ ဟာ သူတို့ ရဲ့အသားအရေကို နောက်ထပ် ဓာတ်ရောင်ခြည်တွေ ထပ်သင့်စေနေတာပါ။

သက္ကရာဇ် ၂၀၀၀ မှာ melanoma ကင်ဆာရောဂါ ရရှိသူ နှစ်သိန်းကျော်ရှိခဲ့ပြီး ဒီရောဂါနဲ့ သေဆုံးသူ ခြောက်သောင်းခွဲ ကျော်ရှိခဲ့ပါတယ်။  UV ရောင်ခြည်ဟာ မျက်စိတိမ်စွဲတဲ့ ရောဂါအပြင် မျက်စိကန်းတဲ့ အဖြစ်ဆီကိုပါ ရောက်ရှိစေနိုင်ပါတယ်။

ဒါပေမယ့် သိပ်တော့ စိတ်ဓာတ်မကျသွားပါနဲ့ အုန်း။ WHO က တကယ်လို့ သင် နေရောင်မှာ နေလောင်ခံမယ် ဆိုရင်ဖြစ်ဖြစ်၊ နေလောင်ခံအိပ်ရာထဲမှာ ၀င်အိပ်မယ်ဆိုရင်ဖြစ်ဖြစ် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ် နဲ့  နေကာမျက်မှန်တွေကို အသုံးပြုဖို့ တိုက်တွန်းထားပြီး ဖြစ်နိုင်သမျှတော့ အရိပ်ထဲမှာ နေတာ အကောင်းဆုံးပဲလို့ ကြေငြာထားပါတယ်။ ကလေးသူငယ်တွေကိုတော့ လုံးဝ အရိပ်ထဲမှာပဲ ထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ရဲ့ ခုခံနိုင်စွမ်းက ပိုနိမ့်ကျပြီး အန္တရာယ်ဖြစ်နိုင်မှု ပိုများလို့ ပါ လို့ ဆိုပါတယ်။

Ref: Wikipedia ,WHO,Cancer.org

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.