၅လပိုင်းမှာ တစ်ကိုယ်တော်ခွေထွက်ဖို့ ကြိုးစားနေတဲ့ လွှမ်းပိုင်
Hip Hop မြူးဇစ်ကိုနှစ်ခြိုက်စွာ အားပေးနေတဲ့ လူငယ်တွေရဲ့ရင်ဘတ်ထဲကို ၀င်ကြည့်လိုက်ရင် လွှမ်းပိုင် ဆိုတဲ့ ကောင်လေးကို အားလုံးတွေ့မြင်ရမှာပါ။ 89နဲ့စပြီး underground မှာ နာမည်ရခဲ့သလို Rock Star နဲ့ တစ်ဖန် mainstream ကိုပါ ထပ်ပြီး ၀င်ရောက်လာခဲ့တဲ့ လွှမ်းပိုင်ဟာ ခုဆိုရင် အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ကို ဂီတလောကမှာ ရပ်တည်လာနိုင်ခဲ့ပြီမို့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတစ်ချို့နဲ့အတူ တစ်ကိုယ်တော်အခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ သူက ‘လတ်တလော အနုပညာလှုပ်ရှားမှုက ဘိုဘို၃ နှစ်ပြည့်အခွေထဲမှာ ငါတို့ဝေးဆိုတဲ့ သီချင်းလေး တစ်ပုဒ်ဆိုထားပါတယ်။ တစ်ကိုယ်တော်အခွေက ၅လပိုင်းလောက်ထွက်ဖို့မှန်းထားပါတယ်။ သွင်းထားတာကတော့ ၅ပုဒ်လောက်ပြီသွားပြီ။ တေးရေးတွေက ကျွန်တော် တစ်ယောက်တည်းပဲ။ အတွဲက ထက်ထက် တစ်ပုဒ်ပါမယ။် ပါမယ့်ပုံစံတွေက အရင်ကျွန်တော်ထွက်ခဲ့ဖူးတဲ့ ပျော်စရာကြီးထဲက ပုံမျိုးတွေလဲ ပါမယ်။ လက်လက်ကိုထလို့၊ ချစ်တယ်မုန်းတယ်ထဲက ပုံစံတွေလဲ ပါမယ်။ ပြီးတော့ ဒုံးပျံထဲကလို ပုံစံတွေလဲပါမယ်။ ပြီးတော့ ဂီတစာဆိုဆိုပြီး ပုံစံသစ်တွေလဲ လုပ်ထားတယ်။ အားလုံးကို ရောစပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်’တဲ့။
သင်္ကြန်ခွေတွေနဲ့ပတ်သတ်ပြီးတော့လဲ ‘မာစတာသင်္ကြန်၂၀၁၄ မှာထက်ထက်နဲ့တွဲဆိုထားပါတယ်။ ကျွန်တော်နဲ့ထက်ထက် ပေါင်းရေးထားတာပေါ့။’လို့ သူကပြောပါတယ်။