Google Glass တပ်ပြီးမောင်းခဲ့တဲ့ ယာဉ်မောင်း အမှုနိုင်၊ ဒဏ်ကြေးဖြတ်ပိုင်း မဆောင်ရတော့

gavel.jpg

 

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကယ်လီဖိုးနီးယားမှာ ယာဉ်မောင်း Cecilia Abadieရဲ့ကားကို ယာဉ်ထိန်းရဲက လမ်းဘေးချရပ်ခိုင်းခဲ့ပြီး ယာဉ်မောင်းနေတုန်း Google Glassတပ်တဲ့အမှုနဲ့ ဒဏ်ကြေးဖြတ်ပိုင်း ဖြတ်ခဲ့ပါတယ်။ ယာဉ်မောင်းနေတုန်း ဗီဒီယိုမျက်နှာပြင်တွေကို မကြည့်ရဘူးဆိုတဲ့ ဥပဒေကို Abadieက ချိုးဖောက်တယ်လို့ ယူဆခံခဲ့ရပါတယ်။ ကယ်လီဖိုးနီးယား မော်တော်ယာဉ်ဥပဒေ အမှတ် 27602 အရ တီဗွီ၊ ကွန်ပျူတာ စတဲ့ မော်နီတာတွေကို ယာဉ်မောင်းကြည့်လို့မရတဲ့ နောက်ဘက်ထိုင်ခုံမှာပဲ ထားခွင့်ရှိပါတယ်။

ယာဉ်မောင်း Cecilia Abadieဟာ ဒဏ်ကြေးဖြတ်ပိုင်း ဖြတ်ခံလိုက်ရပြီဆိုတာနဲ့ အဲ့ဒီ့လက်မှတ်ကို ဓာတ်ပုံရိုက်ပြီး Google + မှာတင်ခဲ့ပါတယ်။ ပြီးတော့ Google Glass တပ်ပြီး ယာဉ်မောင်းတာဟာ တရားဝင်လား၊ တရားမ၀င်လားဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့ Google + followerတွေကို မေးခဲ့ပါတယ်။ သူမဟာ ကားမောင်းနေတုန်း Google Glassကို မဖွင့်ထားကြောင်း၊ ပြီးတော့ ကားစက်မနိုးခင်နဲ့ အမြန်လမ်းပေါ်ရောက်နေတဲ့အချိန်မှာ ၀တ်ဆင်ရနည်းပညာ (wearable technology) ပစ္စည်းကို ချွတ်ဖို့ သတိမထားမိကြောင်း တွေကိုပါ ဖော်ပြထားခဲ့ပါတယ်။

ဒီဒဏ်ကြေးဖြတ်ပိုင်း အမှုကို San Diego တရားရုံးမှာဖြေရှင်းခဲ့ကြပါတယ်။ Cecilia Abadie ဟာ Google Glassကို တပ်ထားတာမှန်ပေမယ့် ပါဝါမဖွင့်ခဲ့ကြောင်း နဲ့ မော်တော်ယာဉ်ဥပဒေ အမှတ် 27602 နဲ့ ဒဏ်ကြေးဖြတ်ပိုင်းဖြတ်တာ မမျှတကြောင်းကို သူမရဲ့ရှေ့နေက ထပ်ကာတလဲလဲ လျှောက်လွှဲပါတယ်။ ဒီအမှုက “သက်သေကင်းမဲ့မှု” ပေါ်အခြေခံတယ်ဆိုပြီး တရားသူကြီးဟာ Abadie ဘက်ကနေ ရပ်တည်ခဲ့ပါတယ်။

ဒီအမှုကို ယုတ္တိရှိရှိ ဘယ်လိုမှတွေးလို့မရပါဘူး။ Abadieဟာ ကားမောင်းနေတုန်း Google Glassကို ပါဝါဖွင့်ပြီး တကယ်သုံးခဲ့လား၊ မသုံးခဲ့လားဆိုတာနဲ့ ဥပဒေကို ချိုးဖောက်ခဲ့သလား၊ မချိုးဖောက်ခဲ့ဘူးလား ဆိုတာကို သူမအပြင် ဘယ်သူမှ မသိနိုင်တော့သလို၊ ဘယ်သူမှလည်း သက်သေမပြနိုင်တော့ပါဘူး။

Ref:natmonitor

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.