ချယ်လ်ဆီးအသင်း မန်နေဂျာ မော်ရင်ဟိုက ကလပ်က သူ့ ကိုနေစေချင်သရွေ့  စတန်းဖို့ ဘရစ်ခ်ျကနေ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အသက် ၅၀ အရွယ်ရှိလာပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ၂၀၀၇ ခုနှစ်က ချယ်လ်ဆီးအသင်းက ထွက်ခွာသွားခဲ့ပြီး ၂၀၁၃ ခုနှစ်က အသင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။
“ သူတို့ ကျွန်တော့်ကို အသင်းမှာမနေစေချင်တော့တဲ့အချိန်ထိ ကျွန်တော် ဒီမှာ ရှိနေမှာပါ” BBC Football Focus ချန်နယ်နဲ့ တွေ့ ဆုံတုန်း ပြောကြားခဲ့တာပါ။
ပေါ်တိုအသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်နွေရာသီမှာ မော်ရင်ဟာ စတန်းဖို့  ဘရစ်ခ်ျကို စတင်ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေ ဖလားနဲ့ လိဂ်ဖလား ၂ လုံး တို့ ကို ရယူပေးနိုင်ခဲ့ပါတယ်။ အင်တာအသင်းကို ပြောင်းရွှေ့ သွားပြီးနောက် သူ့ ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ဖလား ကို ပိုင်ဆိုင်ခဲ့ပြီး စီးရီးအေချန်ပီယံ နှစ်ခါ ရရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အီဘရာမိုဗစ်ခ်ျကလည်း မော်ရင်ဟို ကို စာချုပ်လေးနှစ်သက်တမ်း ကုန်ဆုံး ပြီးတဲ့ အထိ အသင်းမှာ ဆက်ရှိစေချင်နေပြီး မော်ရင်ဟိုကလည်း ထွက်ခွာသွားမှာ မဟုတ်ဘူးလို့  ကတိပြုခဲ့ပါတယ်။
အခုအချိန်မှာ မော်ရင်ဟို ရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး တနင်္ဂနွေနေ့ မှာ ယှဉ်ပြိုင်ရမယ့် လက်ရှိချန်ပီယံမန်ယူအသင်းကို ကိုးမှတ် ဖြတ်ထားနိုင်ပါတယ်။
“ အချိန်အနည်းငယ်အတွင်းမှာ ချယ်လ်ဆီးအသင်းကို အကောင်းတကာ့အကောင်းဆုံး ကလပ်အသင်းတစ်သင်း ဖြစ်အောင် ကျွန်တော် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်း နဲ့  မဟုတ်ပါဘူး၊ ကလပ်အသင်းကစားသမားတွေ၊ ဘုတ်အဖွဲ့ နဲ့ အသင်းပိုင်ရှင်တို့ အားလုံး အတူတူ လုပ်ဆောင်ရမှာပါ။” လို့ မော်ရင်ဟိုက အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
Ref: bbc