Johnny Depp နဲ့ Amber Heard တို့စေ့စပ်

685545.jpg

 

Johnny Depp နဲ့ Amber Heard တို့စေ့စပ်လိုက်ပါပြီ။ ဒီသတင်းကို ဟောလီးဝုဒ်မှာ ဘယ်လိုမှ ထိန်ချိန်ထားလို့ မရနိုင်ပါဘူး။ ဇန်န၀ါရီ ၁၃ရက်နေ့က Amber Heard ရဲ့ ဘယ်ဘက်လက်မှာ စိန်လက်စွပ် တွေ့လိုက်သေးတယ် ဆိုတော့ သူမလည်း သိပ်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူးပေါ့။ Amber Heard နဲ့ Johnny Depp တို့ စေ့စပ်လိုက်ကြပြီဆိုတာကို PEOPLE မဂ္ဂဇင်းက အတည်ပြုပေးလိုက်ပါတယ်။

“စေ့စပ်လိုက်ကြပြီး ကျန်ဘ၀တစ်လျှောက် အတူတကွ ဖြတ်သန်းကြရတော့မယ်ဆိုတော့ သူတို့မှာ ဒီ့ထက်ပျော်ဖို့ အပျော်တောင်ရှိတော့မှာ မဟုတ်ပါဘူး။” လို့ အမည်မဖော်လိုသူတစ်ဦးက PEOPLE မဂ္ဂဇင်းကို ပြောပြသွားပါတယ်။

Johnny Depp နဲ့ Amber Heardတို့နှစ်ယောက်ဟာ ၂၀၁၁ခုနှစ်ထုတ် The Rum Diary ရုပ်ရှင်ရိုက်ကူးတုန်းက တွေ့ရှိခဲ့ကြတာဖြစ်ပြီး သူရဲ့ဇနီးဟောင်း Vanessa Paradis နဲ့ပြတ်စဲအပြီး နောက်တစ်နှစ်မှာပဲ လူသိရှင်ကြား တွဲလာခဲ့ကြပါတယ်။

ပြင်သစ် အဆိုတော်၊ မင်းသမီး Vanessa Paradis နဲ့တစ်ခါမှလက်မထပ်ဖူးပေမဲ့ ၁၄နှစ်အရွယ် Lily-Rose နဲ့ ၁၁နှစ်အရွယ် Jack ဆိုတဲ့ ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။

သူ့ကိုယ်သူ နှစ်ဖက်ချွန်ပါလို့ ပြောဖူးတဲ့ Amber Heard ဟာလည်း ဟာဝိုင်ရီ ဓာတ်ပုံဆရာမ Tasya van Reeနဲ့ ၄နှစ်တွဲခဲ့ဖူးတယ်လို့ သိရပါတယ်။

Ref:people

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.