ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အထက် သိပ်မမြင့် တဲ့ ရေဝေကုန်းတန်းတွေ ကနေ ရေရရှိမှု နည်းလာနိုင်

mckenzie-river.jpg

အမေရိကန်၊ ပစိဖိတ် အနောက်မြောက်ဘက်ဒေသ၊ အော်ဂန်ပြည်နယ်မှာရှိတဲ့ မဂ်ကန်ဇိုင်းမြစ် တောင်ကျရေတံခွန်ကနေ တောင်ပေါ်မှာ နှင်းခဲပြီးသိုလှောင်ထားတဲ့ ရေပမာဏတစ်ဝက်ကျော်ဟာ ၂၁ရာစုအလယ်လောက်ဆို ရှိတော့မှာမဟုတ်ဘူးလို့ သုတေသနသစ်တစ်ရပ်က ထောက်ပြထားပါတယ်။

အမေရိကန်၊ ပစိဖိတ် အနောက်မြောက်ဘက်ဒေသ၊ အော်ဂန်ပြည်နယ်မှာရှိတဲ့ မဂ်ကန်ဇိုင်းမြစ် တောင်ကျရေတံခွန်ကနေ တောင်ပေါ်မှာ နှင်းခဲပြီးသိုလှောင်ထားတဲ့ ရေပမာဏတစ်ဝက်ကျော်ဟာ ၂၁ရာစု အလယ်လောက်ဆို ရှိတော့မှာမဟုတ်ဘူးလို့ သုတေသနသစ်တစ်ရပ်က ထောက်ပြထားပါတယ်။

ရေဝေကုန်းတန်း လျော့နည်းလာရတဲ့ အဓိကအကြောင်းရင်းဟာကမ္ဘာကြီးပူနွေးလာတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေကထောက်ပြထားပြီးပင်လယ်ထဲကနှင်းထုတွေရဲ့ ပင်လယ်ရေမျက်နှာပြင် နိမ့်ကျမှုပေါ်မှာလည်း အလားတူသက်ရောက်မှုမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။

အော်ဂန်ပြည်နယ်တက္ကသိုလ် သုတေသီတွေဟာ အဲ့ဒီ့ဒေသမှာအပူချိန် ၃ဒသမ၆ဒီဂရီဖာရင်ဟိုက် တိုးလာရင် ဘာဖြစ်လာမယ်ဆိုတာကို သုတေသနပြုခဲ့ကြပါတယ်။ အဲ့ဒီ့လိုအပူချိန်တိုးလာရင် ပင်လယ်ရေမျက်နှာပြင် အထက် သိပ်မမြင့်တဲ့ တောင်တန်းဒေသတွေမှာ ဆီးနှင်းအဖြစ်သော်လည်းကောင်း၊ မိုးအဖြစ်သော်လည်းကောင်း ရွာချနိုင်တဲ့ အခြေအနေနှစ်ရပ်ကို တွေ့ရှိခဲ့ကြရပါတယ်။

တကယ်လို့များ မိုးအဖြစ်ရွာချခဲ့မယ်ဆိုရင် တောင်ပေါ်မှာနှင်းခဲအဖြစ်နဲ့ ရေကိုသိုလှောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအချက်ကတစ်ဆင့် အဲ့ဒီဒေသမှာ ဂေဟစနစ်၊ စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်၊ မြို့တော်စည်ပင်ရေထောက်ပံ့ရေး စတာတွေအပေါ် ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ အော်ဂန်ပြည်နယ်၊ တက္ကသိုလ်သုတေသီများအဖွဲ့က အစီရင်ခံထားပါတယ်။

''အော်ဂန်ပြည်နယ်ဟာ လုံလောက်တဲ့ ရေအရင်းအမြစ် ရနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ပါ။ ဒါပေမဲ့ အခုတော့ အနာဂတ်မှာပြောင်းလဲလာတော့မယ့် ရေအရင်းအမြစ်အတွက် ကျွန်တော်တို့ ကောင်းကောင်းကြီး စီမံရတော့မယ်'' လို့ အော်ဂန်ပြည်နယ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ယူကျောင်းသား ဖြစ်ပြီး လေ့လာမှုကိုဦးဆောင်ခဲ့တဲ့ အဲရစ် ဆပ်ရိုးလ် ကပြောခဲ့ပါတယ်။

Ref:NatureWorldNews

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.