Rose Hathaway ဟာ လူတစ်ပိုင်းသွေးစုပ်ဖုပ်ကောင်တစ်ပိုင်း dhampir တစ်ကောင်ဖြစ်ပါတယ်။ Dhampir ဆိုတာကတော့ ဒီကမ္ဘာထဲမှာ ငြိမ်းချမ်းစွာ အမှီအခိုကင်းကင်းနဲ့နေထိုင်တဲ့ moroi မျိုးနွယ်တွေရဲ့အစောင့်အကြပ်တွေဖြစ်ပါတယ်။ သူမရဲ့တာဝန်ကတော့ moroi တို့ကို သွေးဆာနေပြီး ထာဝရအသက်ရှင်နိုင်တဲ့ Stirgoi မျိုး သွေးစုပ်ဖုပ်ကောင်တွေရဲ့ရန်ကနေကာကွယ်ပေးရမှာဖြစ်ပါတယ်။
Vampire Academy: Blood Sisters ဟာအမေရိကန် စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင်ဖြစ်ပြီး Richelle Mead ရဲ့ ၂၀၀၇ ခုနှစ်မှာရောင်းအားကောင်း ၀တ္ထုဖြစ်ခဲ့တဲ့ Vampire Academy ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Mark Waters ကရိုက်ကူးပုံဖေါ်ထားပြီး သရုပ်ဆောင်တွေအဖြစ် Zoey Deutch, Danila Kozlovsky နဲ့ Lucy Fry တို့က အဓိကနေရာတွေမှာပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို US မှာတော့ ဖေဖေါ်ဝါရီ ၁၄ ခုနှစ်မှာ ထုတ်မှာဖြစ်ပါတယ်။
Ref:Wikipedia, imdb