သင်ဟာ ရိုမန်တစ်မဆန်တတ်လည်း စိတ်ကောက်နေတဲ့ ကောင်မလေးကိုတော့ မချော့ပဲ
ပစ်ထားလို့မရပါဘူး။ ခဏခဏ စိတ်ကောက်နေတာပဲ .. သူ့ဟာသူုပြန်ပြေသွားမှာပါလို့
ကောက်ချက်မချလိုက်ပါနဲ့။ မိန်းကလေးတိုင်း စိတ်ကောက်ရင် အချော့ခံချင်ပါတယ်။
အလိုက်တသိနဲ့ ချော့တတ်ဖို့ နည်းဗျုးဟာလေးတွေ ရှိပါတယ်.. ဒီလို…
အချိန်ကောင်းကိုစောင့်ပါ..
ချော့သင့်တဲ့အချိန်ဆိုတာလည်း အချိန်ကောင်းဖြစ်ဖို့လိုပါတယ်။ သူကအရမ်းသွေးဆူနေတဲ့အခါ
အတင်းလိုက်မချော့ပါနဲ့။ လွှတ်ထားလိုက်ပါ… အဲ့ဒီအချိန်မှာလည်း ” စိတ်ပြေရင် ဖုန်းဆက်လိုက်
မယ်နော် ” လို့ လေသံပျော့ပျော့လေးနဲ့ ပြောလိုက်ပါ။ သင်ကပါ စိတ်တိုနေလို့ မရဘူးနော်။
သူ့ကိုစိတ်တိုအောင်လုပ်မိတဲ့အတွက် နောင်တရကြောင်းပြပါ
ကိုယ်မှားတာလည်းရှိသလို သူမှားတာလည်းရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ပြန်ချော့တဲ့အခါ သူမှားတာ ၊
ကိုယ်မှားတာ မကြည့်ပဲ ချော့လိုက်ပါ။ ဖြစ်ပြီးသား ပြဿနာကို ချီးခြောက်ရေနူး ပြန်မလုပ်ပဲ
သူစိတ်ပြေအောင်သာ ပြောပေးသင့်ပါတယ်။ အဓိက စကားများရန်ဖြစ်ရတဲ့အတွက်
သင်စိတ်မကောင်းဘူးဆိုတာ သူသိအောင်ပြလိုက်ပါ။
တာဝန်ယူပြလိုက်ပါ…
တာဝန်ယူတတ်တဲ့ ယောက်ျားတစ်ယောက်ကို မိန်းကလေးတိုင်း သဘောကျပါတယ်။
တစ်ခုခုဆို မိန်းကလေးနဲ့ စကားကိုကပ်ပြီး ပြန်ပြောတဲ့အခါ မိန်းမထက်စွာတယ်ဖြစ်သွားမယ်လေ။
သင့်ကောင်မလေးကို ချစ်လို့ တွဲနေတာဆိုရင် သူစိတ်မကြည်မလင် ဖြစ်အောင်မလုပ်ပါနဲ့။
အမြဲရန်ဖြစ်နေရင် နှစ်ယောက်လုံးပျော်တော့မှာမဟုတ်ပါဘူး။ သူမကို သင်ဟာတာဝန်ယူတတ်တဲ့
ယောက်ျားတစ်ယောက်ဖြစ်ကြောင်း ပြလိုက်ပါ..
အဓိက လေပြေသွေးတတ်ဖို့ပဲလိုပါတယ်။ သူကလည်း စိတ်တို ၊ ကိုယ်ကလည်း ဝူးဝူးဝါးဝါးဆို
ပြဿနာထက်တတ်ဖို့ပဲ ရှိမှာပေါ့။ အဲ့ဒါကြောင့် အရမ်းသွေးဆူနေရင် လွှတ်ပေးလိုက်ပါ။
စိတ်ပြေလောက်ပြီဆို ဖုန်းထပ်ဆက် ၊ စာပို့ ၊ ဒါနဲ့မှ မကျေနပ်ရင် အိမ်ရှေ့ထိ သွားချော့ ။
အောက်ကျတယ်မထင်ပါနဲ့။ တကယ်ချစ်တယ်ဆို စိတ်ပြေအောင် ချော့ပါ။ ဘာလို့ဆို
မိန်းကလေးတွေကလည်း သူတို့တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကို နှလုံးသားတစ်ခုလုံး
ပေးအပ် ပုံအောပြီး ချစ်တတ်တာမို့လို့ပါပဲ။ အပေးယူ မျှတပါစေကွယ်…