Glow Skin မိတ်ကပ် Look လေးရအောင် ဘယ်လိုပြင်ကြမလဲ?
Face primer
Concealer
Foundation
Blush
Bronzer
Source:stylecraze
Unicode
ကြည်ကြည်ဝင်းဝင်းလေးနဲ့လှနေစေတဲ့ Glow မိတ်ကပ်ခြယ်သမှုပုံစံဟာ အခုလတ်တလော ပျိုမေတို့ကြားမှာခေတ်စားနေပါတယ်။ဒါကြောင့် Trend ပျိုမေတို့လည်း Glow skin မိတ်ကပ်လေးနဲ့ လှနေအောင် ဘယ်လိုခြယ်သပြင်ဆင်ရမလဲဆိုတာ နည်းလမ်းလေးတွေဝေမျှပေးလိုက်ပါတယ်။
Glow Skin မိတ်ကပ်ခြယ်သမှုအတွက် ဘာတွေလိုအပ်တာလဲဆိုရင်…
Face mist – a primer spray or a finishing mist
Face primer
Concealer
Foundation
Highlighter or Illuminator
Blush
Bronzer
-ပထမဆုံးအနေနဲ့ သင့်မျက်နှာအသားအရည်အမျိုးအစားပေါ်မူတည်ပြီး moisturizer လိမ်းပါ။၅မိနစ်ကြာစောင့်ပြီးရင် face primer လေးအနည်းငယ်လိမ်းခြယ်လိုက်ပါ။Primer လိမ်းပြီး ၂မိနစ်ကနေ ၃မိနစ်ထိ စောင့်လိုက်ပါ။အသားထဲထိစိမ့်ဝင်သွားပြီးမှ မိတ်ကပ်လိမး်ခြယ်တာဟာ
မိတ်ကပ်သားကွက်တာ၊ပျက်တာတွေမဖြစ်ပဲ တစ်နေကုန်ကြာရှည်ခံနေစေပါလိမ့်မယ်။
-အချိန်ခဏစောင့်ပြီးရင်တော့ face mist ဖြစ်ဖြစ် finishing spray ဖြစ်ဖြစ် မျက်နှာနဲ့ ၁ဝစင်တီမီတာလောက်ခွာပြီး ၂ကြိမ် ၃ကြိမ်ပက်ဖြန်းလိုက်ပါ။ဒါက သင့်အသားအရည်ကို အစိုဓာတ်ပြည့်ဝစေပြီး ကျန်းမာတဲ့အသားအရည်အသွင်ပေါက်စေပါတယ်။
-ကဲ အခု မိတ်ကပ်ရည်စလိမ်းလို့ရပါပြီ။ကိုယ့်မျက်နှာနဲ့ သင့်တော်တဲ့မိတ်ကပ်ရည်ပမာဏာနဲ့ Highlighter အနည်းငယ်ကိုယူလိုက်ပါ။Highlighter က အရည်နဲ့ကရင်မ်ဖြစ်ရင် ပိုုပြီးလှပစေပါတယ်။ပေါင်ဒါ highlighter ကိုတော့ မရွေးသင့်ပါဘူး။ပြီးရင် မိတ်ကပ်ရည်နဲ့ Highlighter အရည်ကို ရောစပ်ပြီး မိတ်ကပ်လိမ်းခြယ်သလို ခြယ်လိုက်ပါ။မှန်ထဲကြည့်ပြီး ကိုယ့်မျက်နှာ Glow တာလေးကိုသဘောကျတယ်ဆိုရင်တော့ ဒီအဆင့်မှာပဲရပ်လိုက်လို့ရပါပြီ။ထပ်ပြင်ချင်သေးတယ်ဆိုရင်တော့…
-မျက်လုံးအောက်နေရာတစ်ဝိုက်ကို light conceler လိမ်းခြယ်ပေးပါ။ဒါက မျက်နှာကိုပိုပြီး highlight ဖြစ်စေပါတယ်။
– နောက်ဆုံးအဆင့်ကတော့ Highlight ကို ထပ်ခြယ်ဖို့ပါပဲ။ဒါဆိုရင် သင့်ရဲ ့မိတ်ကပ်အပြင်အဆင်ဟာ လုံးဝကို Glowing skin ဖြစ်သွားတော့မှာပါ။ပါးနီလေးခြယ်ချင်သေးတယ်ဆိုရင် ပန်းရောင်ဖြစ်စေ၊အညိုရောင်ဖြစ်စေ ခြယ်သပေးနိုင်ပါတယ်။
အားလုံးပြီးပြီဆိုရင်တော့ လှပတဲ့ မိတ်ကပ် look လေးရပြီပေါ့။
Source:stylecraze
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.