ဝက်ခြံတွေဟာ တစ်နေရာတည်းမှာပဲ အမြဲပေါက်နေတတ်လား?


*နဖူး


*နားထင်

ဖြစ်ပါတယ်။

*နှာခေါင်း


*ပါး


*မေးစေ့


Unicode

ဝက်ခြံတွေက တစ်ခါလာလည်းဒီပါးပေါ်ပဲ အမြဲလာလာပေါက်တတ်လား။ဒါဟာ အကျင့်ဆိုးတွေကြောင့်ဖြစ်သလို ကိုယ်သုံးစွဲနေတဲ့အလှကုန်ပစ္စည်းတွေကြောင့်လည်းသက်ဆိုင်ပါတယ်။တကယ်လို့ ဝက်ခြံထွက်တိုင်း တစ်နေရာတည်းမှာပဲ အမြဲလာလာပေါက်နေတတ်တယ်ဆိုရင်
ဘာလို့လဲဆိုတာ သိထားသင့်ပါတယ်။

*နဖူး

ဝက်ခြံတွေက တစ်ခါလာလည်း ဒီနဖူး။နောက်တစ်ခါလာလည်း ဒီနဖူးပေါ်ပဲ အမြဲလာပေါက်နေတတ်တာဟာ ဘာကြောင့်လဲဆိုရင် သင်ဟာ သရေစာတွေ၊သကြားဓာတ်မြင့်မားတဲ့အအေးတွေကို လိုအပ်တာထက်ပိုပြီးစားမိနေလို့ပါပဲ။ဒါ့အပြင် သင်ဟာ ဆံပင်ကိုနဖူးရှေ့မှာ အမြဲချတတ်ရင်လည်းဆံပင်ကထွက်တဲ့အဆီကြောင့် နဖူးမှာဝက်ခြံပေါက်တတ်ပါတယ်။ဒါကိုပြောင်းလဲချင်တယ်ဆိုရင်တော့ အစားအသောက်ဆင်ခြင်ပြီးဆံပင်ကိုလည်းမျက်နှာနဲ့မထိတွေ့အောင်ထားသင့်ပါတယ်။

*နားထင်

နားထင်မှာ ဝက်ခြံအမြဲပေါက်လေ့ရှိတယ်ဆိုရင်သင့်မှာရေဓာတ်မလုံလောက်ဘူးလို့ပြနေတာပါ။ဆံပင်အတွက်အလှကုန်ပစ္စည်းတွေအများကြီးသုံးစွဲတာ၊ရေများများမသောက်တာတွေကြောင့် နားထင်တစ်ဝိုက်မှာအဆီဂလင်းတွေဖြစ်လာပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံတွေဖြစ်လာတာပဲ
ဖြစ်ပါတယ်။

*နှာခေါင်း

ဆယ်ကျော်သက်တွေနဲ့လူငယ်အများစုမှာဝက်ခြံတွေတော်တော်များများပေါက်တတ်ပါတယ်။ဒါဟာ ဗီတာမင်အေချို့တဲ့ပြီး အရည်အသွေးမကောင်းတဲ့အလှကုန်ပစ္စည်းတွေကြောင့်ဖြစ်ပါတယ်။နှာခေါင်းမှာဆိုရင် ချွေးပေါက်တွေက ပိုပြီးကျယ်တဲ့အတွက် အလွယ်တကူချွေးပေါက်ပိတ်တာတွေဖြစ်လာပါတယ်။ဒါ့အပြင် ကိုယ်သုံးစွဲနေကျအလှကုန်ပစ္စည်းတွေဟာ အရည်အသွေးညံ့တာကြောင့်လည်း အရေပြားမှာ ဘတ်တီးရီးယားတွေကူးစက်ပျံ့နှံ့လာပြီး ဝက်ခြံတွေဟာ အမြဲနှာခေါင်းတစ်ဝိုက်မှာ ပေါက်လာတာဖြစ်ပါတယ်။

*ပါး

ဝက်ခြံတွေဟာသင့်ပါးမှာပဲ အမြဲပေါက်တယ်ဆိုရင် ဒါက လေကောင်းလေသန့်မရလို့၊ဆေးလိပ်သောက်သုံးလို့၊စိတ်ဖိစီးမှုများလို့ဖြစ်ပါတယ်။ဒါ့အပြင်အမြဲထိတွေ့သုံးစွဲနေရတဲ့ သင့်ရဲ ့ဖုန်းတွေ၊မိတ်ကပ်ဘရက်ရှ်တွေကို မကြာခဏသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။အထူးသဖြင့်မိတ်ကပ်လိမ်းခြယ်တာနဲ့ပတ်သက်ပြီး ပိုပြီးဂရုတစိုက်သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

*မေးစေ့

မေးစေ့မှာ ဝက်ခြံအမြဲပေါက်တယ်ဆိုရင် ဒါဟာ စိတ်ဖိစီးမှုများခြင်း၊ရေဓာတ်မလုံလောက်ခြင်း၊စိတ်လှုပ်ရှားပူပန်လွယ်ခြင်း၊ကော်ဖီနဲ့အရက်သေစာအလွန်အကျွံသောက်သုံးခြင်းစတဲ့အချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။သင့်ရဲ့လက်တွေမသန့်ရှင်းပဲ မေးစေ့၊မျက်နှာကို
ပွတ်သပ်ကိုင်တွယ်မိတဲ့အခါမှာလည်းလက်က အညစ်အကြေးအဆီတွေဟာ မျက်နှာကိုကူးစက်သွားပြီး ဝက်ခြံတွေအလွယ်တကူဖြစ်လာစေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.