ကဲ… တကယ်ဟုတ် ၊ မဟုတ်ဆိုတာတော့ မပြောတတ်ပေမယ့် လေ့လာချက်အသစ်အရ
customer တွေမှာယူထားတဲ့ အစားသောက်တွေကို Food Delivery တွေ ကြားဖြတ်သုံးဆောင်မှုဟာ ၂၈ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
နောက်ပြီး အစားသောက်ရဲ့အနံ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတဲ့ Food Deliveryတွေ ၅၄ရာခိုင်နှုန်းခန့်ရှိသတဲ့ ။ customer တွေက သူတို့ဆီကို မှာထားတာရောက်လို့ ကြည့်လိုက်ရင် အစားသောက်တွေအေးဆေးပြီး လတ်ဆတ်မှုလည်း မရှိ ၊ တစ်ခါတစ်လေ အရမ်းနောက်ကျတယ်လို့ တိုင်တန်းကြတယ်။
လမ်းမှာ ကားပိတ်နေရင်တော့ မပြောတတ်ဘူးပေါ့။ Food Delivery service ရှိတဲ့ဆိုင်တွေမှာ
လည်း နေရာသတ်မှတ်မှုတော့ ရှိမယ်ထင်ပါတယ်။
လမ်းခရီးဝေးရင်တော့ ပို့လည်း အဆင်ပြေမှာ
မဟုတ်ပါဘူး။ နေရာကနီးရက်နဲ့ အချိန်ကြာနေတာမျိုး ၊ ရောက်လာရင် အစားစာတွေ အေးစက်
နေတာမျိုးကြတော့ တိုင်ချင်စရာပါ။
အမေရိကန်မှာ အသုံးပြုနေတဲ့ Food Delivery App တွေဖြစ်တဲ့ UberEats, Grubhub, DoorDashနဲ့ Postmates တို့ကို စစ်တမ်းကောက်ကြည့်ရာမှာ delivery သမား ၆ဝရာခိုင်နှုန်း
လောက် အမြဲအတိုင်ခံရသတဲ့။
ယူစားတာမျိုးဆို ခြေရာလက်ရာပြတ်နေမှာပါပဲ။ ယူစားတဲ့သူက ၂၈ရာခိုင်နှုန်းလောက်ပဲရှိပြီး နောက်ကျလို့သာ အမြဲပြဿနာဖြစ်နေရတဲ့ Food Delivery တွေရဲ့ဂယက်လေးတစ်ခုပါပဲ။