ကမ်းခြေသွားပြီး ပရိသတ်တွေကို Surprise လုပ်ခဲ့တဲ့ မင်းသမီး Park Bo Young





Source:Koreaboo

Unicode

တောင်ကိုရီးယားမင်းသမီးချောလေး Park Bo Young ဟာ သူမရဲ ့ပရိသတ်တွေကို Surprise လေးတစ်ခုလုပ်ခဲ့တယ်လို့သိရပါတယ်။

Park Bo Young ဟာ ဘူဆန်က Haeundae ကမ်းခြေကို သွားခဲ့ပြီး ပရိသတ်တွေကိုအံ့သြအောင်လုပ်ခဲ့တာပါ။အဖြူရောင်တီရှပ်ရယ်၊အမည်းရောင်ဦးထုပ်လေးရယ်ကိုဝတ်ဆင်ပြီး ကမ်းခြေကိုသွားခဲ့ရာက ပရိသတ်တွေ သတိထားမိလာပြီး Fan meeting ပွဲအသေးစားလေးတောင်ဖြစ်သွားခဲ့ပါတယ်။

ပရိသတ်တွေက သူမကိုသတိထားမိသွားတာနဲ့ ဓာတ်ပုံတွေရိုက်ကြ၊လက်မှတ်တွေထိုးကြနဲ့ သူတို့ရဲ ့အိုင်ဒေါလ်ကိုအားပေးခဲ့ကြတာပါ။Park Bo Young ကလည်း သူမရဲ ့ပရိသတ်တွေနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပါတယ်။သူမကို မတွေ့လိုက်ရတဲ့ပရိသတ်တွေကတော့ အဲ့ဒီပုံလေးတွေကိုမြင်ပြီး အားကျသဝန်တိုနေကြတယ်လို့လည်းသိရပါတယ်။

ရိုးရိုးရှင်းရှင်းဝတ်စုံလေးနဲ့လည်း ချစ်စဖွယ်ကောင်းနေတဲ့ Park Bo Young ရဲ ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Koreaboo

333 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.