Source:Soompi
Unicode
IU နဲ့ Lee Joon Gi ဆိုတာ အရမ်းချစ်ခင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဆိုတာ သူတို့ရဲ ့ပရိသတ်တိုင်းလိုလိုသိကြပါတယ်။
သူတို့ရဲ့ခင်မင်မှုက ခုချိန်ထိတည်မြဲနေဆဲဆိုတာ Lee Joon Gi ဟာ IU ရဲ ့ရိုက်ကွင်းကိုကော်ဖီကားလက်ဆောင်ပို့ပေးရင်း ပြသခဲ့ပြန်ပါတယ်။လက်ရှိမှာဆိုရင် IU ဟာ “Hotel Del Luna” ဇာတ်လမ်းတွဲကိုရိုက်ကူးနေတာပါ။ဒါကြောင့် Lee Joon Gi ဟာ သူငယ်ချင်းမလေးကိုအားပေးတဲ့အနေနဲ့ အဖွဲ့သားတွေရော၊ပါဝင်ကြတဲ့သရုပ်ဆောင်တွေရော ကော်ဖီသောက်ပြီးအားတင်းရအောင် လက်ဆောင်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အရင်တုန်းကလည်း ရိုက်ကူးရေးတွေရှိတိုင်း တစ်ယောက်တစ်လှည့်စီလက်ဆောင်တွေပို့ပေးခဲ့ကြတာပါ။
Lee Joon Gi နဲ့ IU ဟာ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ “Scarlet Heart: Goryeo”မှာ စတင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သူတို့ဟာအခင်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပါပြီ။တကယ်တော့ Lee Joon Gi ဟာ “Hotel Del Luna” ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်
အဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်တွေကို Surprise လုပ်ခဲ့ပါသေးတယ်။
သူပါဝင်ရိုက်ကူးပြီးနောက်တစ်နေ့မှာမှ အခုလိုကော်ဖီကားလက်ဆောင်ပို့ပေးခဲ့တာပါ။IU ကလည်း အင်စတာဂရမ်ကနေ ကျေးဇူးတင်စကားပြန်လည်ပြောခဲ့ကြောင်းသိရပါတယ်။
View this post on Instagram
아이고 또 감사한 4황자님..🌹🌹 덕분에 어제 촬영도 잘 마쳤습니다!! #호텔델루나 @actor_jg
A post shared by 이지금 (@dlwlrma) on Jul 27, 2019 at 12:16am PDT
Source:Soompi